I Know That ...

2.1K 180 12
                                    

သူဖုန်းပြောပြီး သူ့ Omma အမှု ကိစ္စကို စဉ်းစာနေတုန်း တံခါးနားက ခြေသံ ကြားတာနဲ့  သူ ဖုန်းကို ဘောင်းဘီ အိတ်ထဲထည့်ကာ သူ တံခါးနားကို သွားလိုက်တယ်။

အထဲက မီးတွေ ပိတ်ထားတာကော၊ တံခါး က ကွယ်ထားတာကြောင့်ကော နည်းနည်း မှောင် နေ တော့ ဘာမှတော့ သိပ်မမြင် ရဘူးလေ။ ဒါပေမယ့် မြင် ရ တာလေး တစ်ခုက တော့ ခြေ ထောက် တစ်ဖက် ပါပဲ။

ဘယ်သူလည်း ဆိုတာ သူသိပါတယ် …

သူတံခါးနားကို ကပ်သွားလိုက်ကာ

" Park … Arnyi … Chanyeol! ထွက်လာခဲ့ပါ။ မင်း ရှိတယ်ဆိုတာ သိပါတယ်။"

သူက ပြောလိုက်မှ Park Chan Yeol က တံခါးနောက်မှ ထွက်လာပြီး သူ့ကို မနှစ်မြို့သလို အကြည့်မျိုးနဲ့ စိုက်ကြည့်နေတယ်။ နောက်တော့ သူလည်း မ နေတတ်လာတော့တာနဲ့ …

" Chanyeol, မင်း ငါ့ကို ပြောစရာ ရှိလို့လား"

သူက မေးလိုက်တော့ Park Chan Yeol က ခေါင်းခါပြသည်။ တကယ်ပါပဲ။ ဟိုချာတိတ်နှစ်ယောက် ပြောသလိုပဲ တကယ် အတိတ်မေ့သွားတာလား။ ဒါမှမဟုတ် ချာတိတ်နှစ်ယောက်နဲ့ တိုင် ပင် ပြီးပဲ လုပ်ကြံဇာတ်လမ်း လုပ်နေတာလား။

" ငါ တစ်ခုတော့ မေးစရာ ရှိတယ်။"

သူ့ဟာသူ တွေးနေတုန်း ရုတ်တရက် ပြောလိုက်တဲ့ Chanyeol ရဲ့ စကားကြောင့် သူ တစ်ခဏတာ အံ့သြသွားတာတော့ အမှန်ပင်။ သူ့ကိုယ်သူလည်း ဘာကို အံ့သြ နေမှန်း မခန့်မှန်းနိုင် ပေမယ့် စိတ်ထဲတော့ ထင့်နေသည်။ ခံစားမှုကြီးက မ ကောင်းတဲ့ မေးခွန်းတစ်ခုလို့ ခံစားနေရတာမျိုးကြီးပေါ့။

"မေးပါ။"

အတန်အကြာအထိ Park Chan Yeol ခေါင်းကို ငုံ့ကာ သူဟာသူ ဘာတွေမှန်းမသိတဲ့ စကားတွေကို ရေရွတ်နေသည်။ နောက်ကျမှ ခေါင်းပြန်မော့လာပြီး

"မင်းနာမည် ဘယ်လိုခေါ်လဲ"

နာမည် ဘယ်လိုခေါ်လဲတဲ့။ ဘာလဲ။ တကယ်ပဲ အတိတ်မေ့နေတာလား။

နောက်တော့ တစ်ချက်တော့ ရယ်လိုက်ပြီး Chan Yeol မေးခွန်းရဲ့ အ ဖြေကို မ ပေးမီ Chan Yeol ဆီမှ စကားကြောင့်

"ဘာလို့ ရယ်တာလဲ။ ငါ ပြောတာထဲမှာ ရယ်စရာ မပါဘူးထင် တယ်။"

ဘုဂလန့် ဂွစာ အကျင့်က တော့ အတိတ်မေ့သွားတာတောင် မ ပျောက်သေးဘူး။ သူ့ဟာသူ ရယ်တာတောင် ရယ်လို့မရပါလားနော်။

Repayment For LoveWhere stories live. Discover now