Diary of Chanyeol

2.1K 170 12
                                    

Soo မနက်စောစောစီးစီး ထပြီး အလုပ်မရှိ အလုပ် ရှာကာ လျှောက် လုပ်နေမိသည်။Yeol ရဲ့ အခန်းကိုလည်း Yeol ထွက်သွားကတည်းက သန့်ရှင်းရေး မလုပ်ဖြစ်ဘူးလေ။ အဲဒါကြောင့် Yeol အခန်းလေးကို သန့်ရှင်းရေး လုပ်ဖို့ အတွက် Yeol အခန်းထဲကို ဝင် လာလိုက်တယ်။

ယောက်ျားလေး အခန်းဆိုပေမယ့်လည်း သူ့ဟာနဲ့ သူ သပ်သပ် ရပ် ရပ်လေး ရှိတဲ့ Yeol ရဲ့ အခန်းကို ကြည့်ပြီး Soo ကျေနပ်အားရ ဖြစ်မိသလို ဝမ်းလည်း ဝမ်းနည်းမိပါတယ်။

__________________________________________

Soo Yeol ရဲ့ ကုတင် က အိပ် ရာခင်း တွေကို လဲဖို့ အတွက် မူရင်း ခင်းထားတဲ့ အိပ် ရာခင်းကို ဆွဲချွတ်လိုက်တယ်။ အိပ် ရာခင်း ကို ဆွဲချွတ်လိုက်တာနဲ့ တပြိုင် နက် ပြုတ်ကျ သွားတဲ့ အရာ တစ်ခု၊ တိတိကျကျပြောရမယ်ဆိုရင် တော့ အလွန်ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ အညိုရောင် စာအုပ်လေးတစ်အုပ်။

Soo လည်း Yeol ရဲ့ စာအုပ်ပဲ ဖြစ်မယ်ဆိုပြီး စာအုပ်လေးကို ကောက်လိုက်ကာ ဘေးက စားပွဲလေးပေါ် တင် ထားလိုက်တယ်။

နောက်တော့ Soo လည်း ကိုယ့် အလုပ်ကို ဆက်လုပ်နေမိတယ်။

အိပ် ရာခင်းတွေ ဘာတွေ ညာတွေ အကုန်လြဲ့ပီးသွားတော့ Soo လည်း မောလွန်းလို့ Yeol ကုတင် ပေါ်မှာ ခဏ လောက် ထိုင် ချလိုက်တယ်။ ခဏလောက် အမောဖြေ နေတာပေါ့။

ရုတ်တရက် စိတ်ထဲ မထင့်တထင့် လေးဖြစ်နေတာကြောင့် Yeol ရဲ့ စာအုပ်လေးကို လှမ်းကြည့်မိလိုက်တယ်။ ဘာရယ် လို့တော့ မဟုတ်ပေမယ့် Soo အဲဒီ့ စာအုပ်လေးထဲမှာ ဘာတွေရှိလဲ ဆိုတာ သိချင် မိတာတော့ အမှန်ပါ။ စာအုပ်က ဟောင်းနွမ်းနေတာတောင် မှ Yeol က သိမ်းထားတယ်ဆိုတော့ သူ့အတွက် အရမ်းအရေးကြီးလို့ ဖြစ်မယ်။

ဘာရယ် လို့တော့ မဟုတ်ပေမယ့် Soo လည်း စိတ် ရဲ့ လှုံ့ဆော် မှုကြောင့် စားပွဲပေါ်မှာ တင် ထားတဲ့ စာအုပ်လေးကို လှမ်းယူလိုက်တယ်။ ပြီးတော့ ဟောင်းနွမ်းနေတဲ့ စာအုပ် အဖုံးလေးကို သူကြည့်နေမိသည်။

ဒီစာအုပ်လေး…

သူတို့ မိဘမဲ့ဂဟောမှာ ကတည်းက Yeol တယုတယ သိမ်းထားတဲ့ စာအုပ်လေး။ Soo ကို ကိုင်ကြည့်လို့ ဆိုပြီးတောင် Yeol စိတ်ဆိုးဖူးသေးတယ်။

Repayment For LoveTahanan ng mga kuwento. Tumuklas ngayon