I don't like him

1.9K 168 2
                                    

" မင်း က ဘယ်သူလဲ "

အခုမှ မြင် ဖူးတယ်လို့ အသိစိတ်က သတိပေးနေ ပေမယ့် ရင်းနှီးတယ် လို့ တော့ မသိစိတ်က ခံစားနေရပါတယ်။ ဦးနှောက် မှ အသိဥာဏ်က တော့ ပုံမှန်အတိုင်းပေမယ့် နှလုံးသားက တော့ နာကျင် နေတယ်။

ထိုကောင် မ လေး က သူ့ကို အလွန်အံ့သြ နေသည့် မျက်လုံးများဖြင့်ကြည့်ကာ …

"ငါလေ. Soo လေဟာ"

သူ မျက်မှောင် ကို ကြုတ်လိုက်ပြီး

"ဘယ်က Soo လဲ"

"ငါ Soo. နင့်သူငယ်ချင်းလေဟာ. ငါတို့က အချစ်ဆုံး သူငယ်ချင်းတွေ လေဟာ"

ပြောရင်းနဲ့ မျက် ရည်များ ကျလာသော ထိုကောင် မ လေးကို သူ သနားတော့ သနားသွားမိသည်။ ထူးထူးဆန်းဆန်း သူ့နာမည်ကို လည်း သိသည်ဆိုတော့ … …

မဟုတ်မှလွဲရော … ဟိုတစ်ယောက်လား ……

"Agashi, ကျွန်တော် Agashi ကို မသိပေမယ့် ကျွန်တော့်ကို ဘယ်လို သိတာလဲ ဆိုတာပြောပြ ပေးလို့ ရမလား"

ထိုအခါမှ ကောင် မ လေးက မျက် ရည်များကို သုတ်ကာ

"နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းလေ။ မွေးစားဖော် မွေးစားဖက် မောင်နှမ တွေဆိုလည်း မမှားဘူး။"

"ဒါဆို ကျွန်တော့် နာမည် အပြည့်အစုံကို ပြောပြ ပေးနိုင် မလား"

ပြောလိုက်တော့ ထိုကောင် မ လေး က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး

"Yeol, နင် ငါ့ကို နာကြည်းနေမယ် ဆိုတာ ငါသိပါတယ်။ နင် င့ါကို ကြိုက် သ လောက် မုန်းပါ။ တစ်သက်လုံး မုန်းလည်း ကိစ္စမရှိဘူး။ ဒါပေမယ့် ဒီလို တော့ မေ့ချင်ယောင် မ ဆောင် ပါနဲ့ဟာ။ ငါ တောင်းပန်ပါတယ်။"

ထိုကောင် မ လေးက ပြောရင်းနဲ့ ငိုတော့လေသည်။ သူလည်း ကြာတော့ ရူးပါရူးချင် လာသည်။ ဒီကောင် မ လေး ဘာတွေ ပြောနေတာမှန်းလည်း သူနားမလည်။

နောက်တော့ သူလည်း ဘာပြောရမှန်းမသိတာနဲ့ Jongdae တို့ကို လက်ဟန်ခြေဟန်နဲ့ လုပ်ပြလိုက်တော့ …

"Noona, ဟိုလေ ကျွန်တော်တို့ ရှင်းပြပါမယ်။ ဒီဘက် အခန်းကို ခဏ လောက် လိုက်ခဲ့ပါ။"

Repayment For LoveWhere stories live. Discover now