I can feel it

1.7K 168 2
                                    

"Kai, နင် ဘာလို့ ငါတို့နဲ့ ပြန်အဆင် ပြေချင် ခဲ့တာလဲ?"

သူ့ဟာသူ နေ နေရင်းမှ ရုတ်တရက် ထပြီး မေးလိုက်တဲ့ Soo ကြောင့် သူ နည်းနည်းတော့ လန့်သွားမိသည်။ အမှန်အတိုင်း ပြောရမည် ဆိုလျှင် ဒီမေးခွန်းအတွက်သူ့မှာ အ ဖြေမရှိ။ လက်စားချေဖို့ ဆိုတာ မှန်ပေမယ့် မထင် မှတ်ပဲ မေးလာတဲ့ Soo ကြောင့် သူ ခေါင်းနပန်းကြီးသွားရတာတော့ အမှန်ပင်။

"ဟင်? ဟင် … ငါ … ငါက …"

စကားတွေ အထစ်ထစ် အ အအ နဲ့ ပြောနေတဲ့ သူ့ကို Soo က တော့ နဂိုကတည်းကမှ ပြူးပါတယ် ဆိုတဲ့ ဇီးကွက်မျက်လုံးတွေနဲ့ ကြည့်နေတယ်။

"ငါ … ငါက နင် တို့နဲ့ ပြန်ပြီး အဆင်ပြေချင် ရုံသက်သက်ပါ။ ပြီး … ပြီးတော့ … ငါ … ငါက နင့်ကို စွပ်စွဲဖူးတာ အတွက်လည်း တောင်းပန်ချင် တာရော မို့လို့လဲ ပါ … ပါတာ …ပေါ့။ "

Do Soo က တော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ သူ့ရဲ့ အ ဖြေကို တိတ်ဆိတ်စွာနားထောင် နေ လေရဲ့။ နောက်မှပဲ သူ့ဟာသူ သက်ပြင်းခိုးချရင်း သူ့စိတ်သူ ပြန်ထိန်းလိုက်ပါတော့သည်။

•••••••••••••••••••••••••••••••••••••••••••••••••••••••••

"Kai, ဟိုမှာ လူတစ်ယောက်  "

အေးအေးဆေးဆေးနဲ့ သူ့ဟာသူ လျှောက်နေရင်း လက်ညှိုးတထိုးထိုးနဲ့ ပြောလိုက်တဲ့ Soo ကြောင့် သူလည်း လက်ညှိုးထိုးရာ လိုက်ကြည့်မိသည်။ ဟုတ်ပါတယ်။ တကယ်ပဲ လူပါ။ အိမ်ရှေ့မှာ ဆေးလိပ်ငွေ့တလူလူနဲ့ ခုံပေါ်မှာ ထိုင်နေတဲ့ အဘိုးကြီူးတစ်ယောက်။ အိမ် ရဲ့ မီးရောင် က တော့ မထင် စ လောက်လေး လင်းရုံပါ။ အရမ်းကြီး လင်းထိန်နေတာမျိုးမဟုတ်ပေမယ့် တစ်ယောက်မျက်နှာတစ်ယောက် မြင် ရသ လောက်တော့ ရှိလောက်ပါတယ်။

သူနဲ့ Soo ထိုအိမ်သို့ အမြန်သွားပြီး ထိုင် နေတဲ့ အဘိုးကြီးရှေ့မှာ ရပ်လိုက်တယ်။

"Annyeonghasaeyo, ကျွန်မ နာမည် Do Soo ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ သူက တော့ Kim Jongin ပါ။"

Soo က သူ့ကိုပဲ မိတ်ဆက်ပေးတော့ လူမှုရေး အရ ခေါင်းငြိမ့်ပြရင်း ထို အဘိုးအိုကို ကြည့်လိုက်တယ်။ခဏ နေ တော့  ထိုအဘိုးက ထိုင်နေရာမှ ထလာပြီး

Repayment For LoveWhere stories live. Discover now