Reflections

1.5K 149 7
                                    

Soo အခုချိန်မှာ Yeol ဘယ်ရောက်နေလဲ ပဲ သိချင် တယ်။ ခုနက စိတ်တိုပြီး ပါးစပ်ကနေ ထွက်ချင် ရာတွေ ထွက်သွားပေမယ့် အခုချိန်မှာတော့ Soo စိတ်ထဲမှာ Yeol ဘယ်မှာလဲ ဆိုတာကလွဲပြီး ကျန်တာ ခေါင်းထဲမှာ မရှိတော့။

"Soo, စိတ်မပူပါနဲ့ ဟာ!! Yeol က တစ်နေရာရာ မှာ သွားပြီး စိတ်အပန်းဖြေတာနေမှာပေါ့။ ပြီးတော့ သူက ဒေါသတော်တော် ထွက်နေတာ ဆိုတော့ တစ်နေရာရာ မှာ စိတ်ဖြေနတောလည်း ဖြစ်နိုင် တာပဲ။"

Soo ကို အားပေးပြောပြောနေသော Kris ၏ စကားများကို Soo အနှိုင်းမဲ့ ယုံလိုက် ချင် သည်။ ဒါပေမယ့် Soo စိတ်ထဲမှာ တစ်မျိုးကြီး ခံစားနေရသည်။ ရင် ထဲ မကောင်းတာ လိုလို၊ ငိုချင် သလိုလို ခံစားမှု မျိုးကြီး။

ဟိုလျှောက်ဒီ လျှောက်လုပ်နေသော Soo ကို Kris မျက်စိနောက်လာပုံရသည်နှင့်

"Soo, ငါ စုံစမ်းခိုင်းထားလိုက်မယ်။ နင် မပူနဲ့။ ပြီးတော့ Yeol ကလည်း Seoul မြို့ထဲပဲ သွားမှာပါ။ သူက Busan နဲ့ Seoul လမ်းက လွဲရင် ကျန်တာ သိတာမှ မဟုတ်တာ။"

Kris ပြောတာလည်း မှန်ကောင်း မှန်နိုင် ပေမယ့် Yeol က ဒေါသထွက် ရင် ဘာမှ မမြင်တော့၊ နားမလည် တော့ဘူးဆိုတာကို Soo က သိနေတော့လည်း...

"မနက်ကျရင် Yeol ပြန်ရောက်လာမှာပါ။ Park Chan Yeol လား Do Soo ကို ထားခဲ့မှာ။ သူပြန်ရောက် လာမှာပါ။ အများဆုံးနှစ် ရက်ပဲ, Soo!"

ဟုတ်မှာပါ။ Yeolက Soo နဲ့ ဘာကိစ္စ ကြောင့်ပဲ ရန်ဖြစ်ဖြစ် Yeol ဘက်က အလျှော့ပေးတတ်တာ များတယ်လေ။ သူ Soo ကို မထားသွားလောက်... Aish... Do Soo, နင် ဘာတွေတွေးနေတာလဲ။ Yeol က Soo ကို... မဖြစ်နိုင် တာတွေပါ။

"ဒါဆို ငါ သွားအိပ်တော့ မယ်, Kris!!!"

Soo တိုတိုတောင်းတောင်းပဲ Kris ကို ပြောပြီး Soo ရဲ့ အခန်းဆီသို့ လာခဲ့လိုက်သည်။

_________________________________________

2 weeks later...............

"အားးးးးးး ကျွတ်! ကျွတ်!!! ငါ ဘယ်ကို ရောက်နေတာလဲ။"

သူ့ရဲ့ မပွင့်တပွင့် မျက်လုံးတွေကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ မြင် လိုက် ရတာက... ကောင်လေး နှစ်ယောက်။ သူတို့ ကြည့်ရတာ ဆယ်ကျော်သက် အရွယ်လေးတွေ။

Repayment For LoveWhere stories live. Discover now