A Tall, Big and Black Shadow called The Next Enemy

2K 150 2
                                    

နံနက်ခင်း ရဲ့ နေရောင်ခြည်က ပြတင်းပေါက်မှ တစ်ဆင့် Soo ရဲ့ မျက်နှာပေါ် သို့ ကျရောက်နေပါတယ်။ Soo ရဲ့ မျက်နှာလေးက လည်း အရမ်းကို လှပနပေါတယ်။ တစ်ဖန် တင့်တယ်လှပ နေသော နေရောင်ခြည် နဲ့ပါ ပေါင်းစပ်လိုက်တော့ Soo ရဲ့ အလှဆိုတာ စာနဲ့တောင် ရေးဖွဲ့လို့ မရ တော့ဘူးပေါ့လေ.....................

"Soo ရေ, မထ............"

သူ Soo ရဲ့ အခန်းကို Soo ကို နှိုးဖို့ဆိုပြီး ဝင် လာတာ။ ကြည့်လိုက်တော့ ဇီးကွက်မလေးက အိပ်နေတုန်းလေ။ ဘာ ရယ် တော့ မဟုတ်ပါဘူး ဒီနေ့ Soo နဲ့ များ လျှောက် လည် မလားလို့ဆိုပြီး စောစော စီးစီး လာနှိုးတာ။ ထားလိုက်ပါတော့ သူလည်း အိပ်နေတာပဲ။

သူပြန်ပြီး ထွက်သွားဖို့လုပ်လိုက် ပမေယ့် သူတောင် မသိလိုက်ဘဲ သူ့ရဲ့ ခြေလှမ်းတွေက Soo ရဲ့ ကုတင် ဆီသို့ လှမ်းနေခဲ့တယ်။ နောက်ဆုံးတော့ သူလည်း ကုတင် ဘေးမှာ ထိုင် ချပြီး Soo မျက်နှာလေးကို ပဲ ကြည့်နေမိတယ်။ ချစ်ဖို့ ကောင်းလိုက်တာ............ဒီလို အပြစ်ကင်းစင် တဲ့ မျက်နှာလေးကို ကြည့်ပြီး မနက်ခင်း တိုင်းမှာ ရွှင် ရွှင် လန်းလန်း နဲ့ အိပ် ရာ ကနေ ထချင် ခဲ့တာ။ ဒါပေမယ့် Soo ရယ်, ငါတို့ နှစ်ယောက် ရဲ့ ကံကြမ္မာ က မျှော်လင့် သလို မဟုတ်တော့လည်း...............နောင် ဘဝမှာ တော့ ငါရဲ့ အိပ်မက် တွေ ဖြစ်လာပါစေလို့ ငါ ဆုတောင်း မိပါတယ်။

သူလည်း တွေးရင်း နဲ့ အတွေးစကို ဖြတ်ပြီး Soo ရဲ့အခန်းနဲ့ ဝေးရာ ဆီသို့...............

••••••••••••••••••••••••••••••••••••••••••••••••••••••

"Yeol-ah"

သူမ နိုးတာနဲ့ မျက်နှာလေး ဘာလေး သစ်ပြီး အောက်ဆင်း လာလိုက်တာပါ။ Kitchen ထဲက အသံ ကြားတာနဲ့ ဝင် ကြည့်လိုက်တော့ Yeol က kitchen ထဲမှာ အလုပ် ရှုပ် နေတယ်လေ။

"Yeol-ah, ဘာတွေ လုပ်နေတာလဲ?"

"Aww...Soo နိုးလာပြီလား? ဒီမှာ နင့်အတွက် Chocolate Cake လုပ်ပေးနတော"

"Yeol ရယ်, အပင် ပန်းခံလို့"

"ကိုယ့် ညီမလေး အတွက် လုပ်ပေးတာပဲ"

"အေးပါ။"

"ပြီးတော့ Soo, cake စားပြီးတာနဲ့ ရေချိုး"

Repayment For LoveWhere stories live. Discover now