Nightmare

2.6K 181 6
                                    

သူမ Yeol အခန်းထဲမှ ထွက်လာခဲ့ပြီး Yeol ၏ အခန်းတံခါးကို မှီက ထိုင် ချလိုက်သည်။ ထိုင် လျက်နှင့်ပင် Yeol အ ကြောင်းကိုတွေးနေမိသည်။ 

Yeol … ငါတို့ဘဝက ရှုပ်ထွေးပါတယ်ဟာ …

ရုတ်တရက် သူမ နားထဲတွင် ကြားယောင် လာမိတာက ခုနက Yeol ပြောလိုက်တဲ့ စကား …

*မင်းက တကယ်ပဲ ဘာလဲ*

ကြည့်ရတာ Yeol သူမနဲ့ ပတ်သက်ပြီး တော်တော်လနာကျင် ခဲ့ရတာ ဖြစ်မယ်။ ဒါပေမယ့် သူမ က တော့ Jongin ကိုပဲ ရူးသွပ်ပြီး Yeol ရဲ့ နှလုံးသားကို မမြင် နိုင် ခဲ့ဘူး။

အတိတ်မေ့နေတဲ့ Yeol က သူမကို ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် လက်ခံနိုင်သေးပေမယ့် … တကယ်လို့ ပြန်မှတ်မိလာတဲ့ အခါကျ ရင်တော့ သူမကို လက်ခံနိုင် ပါဦးမလား …

Yeol ကို သူမချစ် ရဲ့လား …

……

……

……

ချစ်ပါတယ် … ဒါပေမယ့် သူငယ်ချင်းအချစ်နဲ့ကလွဲလို့ … တခြားအချစ်နဲ့တော့ … မဟုတ်ဘူးနဲ့ တူပါတယ် …

ငါ တကယ်တောင်းပန်ပါတယ် … Yeol …

__________________________________________

Jongin တစ်ယောက် ဒီအိမ် ရဲ့ ခြံထဲမှာ ထွက်ထိုင် ရင်း ပျင်းသလိုလို ရှိတာနဲ့ အထဲပြန်ဝင်  လာခဲ့တာ။ အထဲရောက်တော့ Park Chan Yeol နေတဲ့ အခန်းလေးကို မှီပြီး တွေဝေ နေတဲ့ Soo ကို တွေ့တော့ …

"Soo, ဘာလုပ်နေတာလဲ"

သူ သိချင် လွန်းလို့တော့ မဟုတ်ပေမယ့် Do Soo ရဲ့ ပုံစံက ပုံမှန် မဟုတ်တာမို့လို့ မေးလိုက်မိတာပါ။ ဒါပေမယ့် Do Soo က ဘာမှပြန်မ ဖြေ တော့ သူလည်း Do Soo ထိုင်နေတဲ့ နားကို သွားလိုက်မိတာ။

"Soo, နင် အဆင်ပြေရဲ့လား"

ထပ်ပြီးမေးလိုက်တော့ Do Soo က ပြန်တော့ မ ဖြေ ပေမယ့် သူ့ကို ပြန်ကြည့်ပါတယ်။ Do Soo ကြည့်ရတာလည်း တော်တော် စိတ်ညစ်နေတဲ့ပုံပါပဲ။ သူ သတိထားမိတာ တစ်ခုက တော့ Do Soo တော်တော်လေူ မျက်နှာချောင် ကျ သွားတယ် ဆိုတာပါပဲ။

"Kai ah, ငါတို့ မနက်ဖြန် Seoul ကို ပြန်ကြမယ်"

"ဟင် … ဒါဆို Chanyeol က ကော"

Repayment For LoveWhere stories live. Discover now