Just Pretending for someone

1.9K 157 0
                                    

သူလည်း အောက်ပြန် ဆင်းဖို့ အတွက် Soo ရဲ့ အခန်းတံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာ Soo ရဲ့ စကားကြောင့် သူမှင် သက်သွားခဲ့ရတယ်။

"နင် ငါ့ကို ကာကွယ်ပေးချင် တာကော ဟုတ် ရဲ့လား?"

သူ Soo ကို လှည့်ကြည့်လိုက် ပါတယ်။ Soo က သူ့ကို serious ဖြစ်နေတဲ့ မျက်လုံး တွေ နဲ့ ပြောနေတာပါ။ ဒါပေမယ့် သူ Soo ရဲ့ မေးခွန်း အတွက် သူ့မှာ အ ဖြေ မရှိဘူး ဖြစ်နေတယ်။

"နင် ငါ့ကို ဒီလို လုပ်နေတာ ငါ စိတ်ချမ်းသာဖို့ ပျော်ရွှင် ဖို့ အတွက်လား? ဒါဆို ဒီလို ကန့်ကွက် နေတာတွေကို ရပ်လိုက် ပါတော့။ နင် နဲ့ JongIn နဲ့ အဆင် ပြေသွားရင် ငါပို ပြီး ပျော်ရ လိမ့်မယ်။"

Soo ရဲ့ မေးခွန်းတွေဟာ သူ့ကို အသက် ရှူ ရပ်တန့် အောင် လုပ် နေသလိုပါပဲ။ JongIn နဲ့ အဆင် ပြေဖို့ ဆိုတာ ဘယ်လိုမှ မှ မဖြစ်နိုင် တာ။

သူ Soo ရဲ့ စကားတွေကို တုံ့ပြန့် နိုင် ဖို့ အင် အားမရှိပါဘူး။ အခုချိန်မှာ Soo ကို ပြန်ဖြေဖို့ အ ဖြေ တောင် မရှိတဲ့ အတွက်........................

•••••••••••••••••••••••••••••••••••••••••••••••••••••••••

သူကိုယ့်သူ တောင် မသိလိုက်မိဘူး။ သူကိုယ့်သူ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူး ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ သူသတိဝင် လာတဲ့ အချိန်မှာတော့ သူက သူ့အခန်းထဲ ပြန် ရောက် နေပြီလေ။

သူထိုင် နေတဲ့ ခုံပေါ်က ထပြီး ကုတင် ပေါ်ကို လှဲလိုက် ပါတယ်။ Soo ပြောတာကို စဉ်းစား ကြည့်မယ် ဆိုလည်း ဟုတ်ပါတယ်။ သူက Soo ပျော်ဖို့ အတွက်ပဲ စဉ်းစား မိတာပါ။ Soo တကယ် စိတ်ထဲမှာ ဘာကို လိုချင် နေတယ် ဆိုတာ တော့ သူဂရု မစိုက်မိခဲ့ပါဘူး။ ဒါပေမဲ့ လည်း သူဂရုစိုက် မိခဲ့တယ် ဆို ရင် တောင် သူ ခွင့်ပြုမိမှာ မဟုတ်တာပါပဲ။ Soo လိုချင် တာက လည်း သူ ဘဝ မဖြစ်ချင် ဆုံး အရာပဲလေ။ တစ်ချိန်တုန်းက ဖြစ်ခဲ့ဖူးတာတောင် အိပ်မက်ဆိုး လို့ သတ်မှတ်ခဲ့တာ။

သူ ကုတင် ပေါ်က လှဲနေရာက နေ ထထိုင် ရင်း ကုတင် ဘေးက စားပွဲပေါ်မှာ တင် ထားတဲ့ ဖုန်းကို လှမ်းယူလိုက်တယ်။ ပြီးတော့ call log ထဲက သူ့ကို ဆက်ထားတဲ့ ဖုန်းတစ်ခုကို နှိပ်လိုက်တယ်။

Repayment For LoveWhere stories live. Discover now