That's the end???????

1.8K 165 7
                                    

"Yeol???????"

Yeol!! သူဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ Soo လည်း ပိပိရိရိ လိမ်လာတာပါ။ ဒါမှမဟုတ်……

"Yeol-ah, အဲဒါက……"

Soo ပြစရာ အ ကြောင်းပြချက် ပင် မရှိတော့။ အခုချိန်မှာ အမှန်အတိုင်း ပြောပြလိုက်တာ ပိုကောင်းတော့မည်။

"ဘယ်မှာလဲ Hsu Mo Mo Zaw? ငါကတော့ Jongin ပဲတွေ့တယ်။ နင် Jongin နဲ့ တွေ့တယ် ဆိုတွေ့တယ်ပေါ့။ ဘာလို့ လိမ် ရတာလဲ?"

Yeol က ပြောရင်းနဲ့ တဖြည်းဖြည်း အသံ ကျယ် လာတာကြောင့်

"Yeol, ငါတို့ကို လူတွေ ကြည့်နေပြီ။ နည်းနည်း အသံလျှော့ပါဦး။"

"အသံလျှော့ ဟုတ်လားးး!!!????"

ရုတ်တရက် ကြီး အော်လိုက်သော Yeol ကြောင့် Soo အလွန်လန့်သွားရသည်။ Yeol, သူ………တစ်ခါမှ Soo ကို အော်မ ပြောဖူးတဲ့ Arnyi ဘယ်သူ့ကို မှ အော်မ ပြောဖူးတဲ့ Yeol က အခုဘာလို့ ဒီလောက်တောင် ဒေါသထွက် သွားရတာလဲ။

"နင် ပျော်နေလား, Soo? ငါ့ကို လိမ်ပြီး Jongin နဲ့ တွေ့ရလို့ နင်ပျော်နေလား?"

"Yeol-ah, အဲဒီ့လို မဟုတ်………"

ထိုအချိန်တွင်

"ဒါ Soo အပြစ် မဟုတ်ပါဘူး။ ငါ့အပြစ်ပါ။ Soo ကို ငါ အလုပ်ကိစ္စ ပြောစရာ ရှိလို့ပါ။"

Jongin က ကြားထဲက ဖြေပြီး ပြောပေမယ့် Yeol က တေ့ဂရုမစိုက်ဘဲ Soo ကိုသာ ဒေါသ မျက်လုံးတွေနဲ့ ကြည့်နေသည်။

"ပြောလေ, Soo! အင်းလေ။ နင် ပျော်နေမှာပေါ့။ ငါ့ကို ထားခဲ့ရလို့ နင် ပျော်နေမှာပေါ့။"

တဖြည်းဖြည်း Yeol ကြောင့် လူတွေပါ Soo တို့ သုံးယောက်ကို ဝိုင်းကြည့်ကုန်လာသည်။

"Yeol-ah, တော်လိုက်ကြရ အောင်။ လာ…လာ သွားမယ်။ Jongin, ငါတို့ ပြန်……"

"Kim Jongin, မင်းကော ပျော်နေလား? Soo ကို ငါ့ဆီကနေ ခေါ်ထုတ် သွားရလို့လေ။ ပျော်နေလား? ပျော်နေလားလို့!!!?????????"

နေပါဦး။ Yeol ပြောနေတဲ့ စကားတွေက ဘာအဓိပ္ပာယ်တွေလဲ။ ခေါ်ထုတ်သွားရလို့ ပျော်နေလားတဲ့။ အဲဒါ ဘာကို ပြောတာလဲ။

Yeol ဒေါသထွက်တာကို Soo အခေါက်ခေါက် အခါခါ မြင် ဖူးပေမယ့် ဒီလိုမျိုးဖြစ်တာတော့ Soo ဒါပထမဆုံး မြင် ဖူးတာပဲ။ Soo မြင် တဲ့ပုံအရ ဆို Yeol တော်တော် ဒေါသ ထွက်နေတာ။ သူ့ပုံမှန် image တောင် ပျောက်နေပြီ။ ဟုတ်တယ်။ သူတကယ် Soo ကို ဒေါသ ထွက်သွားတဲ့ပုံပဲ။

Repayment For LoveWhere stories live. Discover now