☞02

486 54 5
                                    

" ငါ့ကျန်းမာရေး ငါဆမ်းစစ်တဲ့ သဘောပါဘဲ "

" ချစ်တယ်နော် Yeon "

Naဒီလိုပြောရင် Yeonက ပေစောင်းစောင်းလေးကြည့်နေကြ ။ အခုလည်းကြည့် Naကို လှစ်လှူရှူလိုက်ပြန်ပြီ ။ Yeonသိအောင် ပြောပြချင်သေးတာ Naအတွက်တော့ Yeonရဲ့ပေါင်က အကောင်းဆုံး Pillowဆိုတာကိုလေ ။

" အလိမ်ညာတွေ "

သိတယ် ။ Yeon မယုံဘူးဆိုတာကိုလည်း ။ Na က မချစ်တတ်ဘူးလို့ဘဲ ထင်နေဝာာမလား ။ Yeonလက်ကို ယူလိုက်ပြီး Naရဲ့ ပခုံးတွေပေါ်တင်ထားလိုက်မိသည် ။ အနည်းဆုံးတော့ နှစ်သိမ့်ရာရောက်လို့  ။

" Na ဒီအတိုင်းလေး ခဏအိပ်မယ်နော် .. Yeonခြေထောက်တွေ ကျင်လာတဲ့အခါ နှိုးလိုက် "

အိပ်ချင်ယောင်ဆောင်ပြီး Yeonဘာလုပ်နေလည်း ခိုးနားထောင်နေရတာက Naအတွက်တော့ ဘဝနေထိုင်မှုအတွက် အလုပ်တစ်ခုလိုဘဲ ။ Yeonက ညင်သာလို့ Naမှာ ထိခိုက်စရာတွေ သိပ်တော့မရှိဘူး ။ ပေါင်ပေါ်ကနေ Naခေါင်းကို ဖယ်လိုက်ပေမဲ့ ခေါင်းအုံးလေးတော့ ခံပေးထားရှာတယ် ။

👣

အချစ်တွေမပါလည်း ဂရုစိုက်မှုတွေနဲ့တင် Naနွေးနေပါတယ် Yeon

👣

Yeonက မီးကြောက်တတ်လို့ Naဘဲ အမြဲထမင်းပွဲပြင်ပေးနေကြ ။ Yeonက Naလက်ရာကို သူစားဖူးသမျှထဲ အကောင်းဆုံးဘဲလို့ တစ်ခါပြောခဲ့ဖူးတယ် ။
Yeonနဲ့ပတ်သက်ပြီး ခပ်ရှားရှားပျော်စရာတစ်ခုမို့ Yeonအတွက် ထမင်းပွဲပြင်ပေးတိုင်း ဒီအကြောင်းကို Naအမြဲတွေးနေတတ်သည် ။ အခုလည်း အသားလှီးနေရင်း အတွေးက ဟိုးအနက်ဆုံးထိ ရောက်သွားတယ် ထင်ပါရဲ့ လက်ဓားပျက်သွားတာကိုပင် သတိမထားမိသေး ။ သွေးတွေတစ်စက်စက်ကျနေတဲ့တိုင် Naဟာ နာကျင်မှုကို မခံစားရ ။ Yeonအခန်းထဲ ဝင်လာပြီး ရေဝင်လာသောက်နေတာကိုတော့ Naသိသည် ။

ခွမ်!

ဖန်ခွက်ကျကွဲသံက Naကို အခုလက်ရှိအချိန်ဆီ ပြန်ဆွဲခေါ်လိုက်သည် ။ ရေခဲသေတ္တာဘေး လဲကျသွားတဲ့ Yeonကို မြင်မိတော့ အယောင်ယောင်အမှားဘဲ Yeonရှိရာဆီ Naပြေးလာခဲ့မိသည် ။ ဖန်ကွဲစတွေလည်း Naမမြင်တော့ဘူး ။ တတ်နင်းမိသွားသည့်တိုင် Naမနာကျင်ပါ ။

Spring is Coming   || 2YeonWhere stories live. Discover now