☞Final : 08

641 51 13
                                    


" Yeon "

" ဘာလဲ? "

" ကြောက်လို့လား? "

" အွန် "

သဘောကျလို့ ခိုးရယ်လိုက်မိပါတယ် နှာခေါင်းကလေတွေက သိသိသာသာထွက်သွားလို့ Naရယ်လိုက်မှန်း Yeonသိသွားသည် ။

" ဘာလို့ရယ်တာလဲ? "

" သဘောကျလို့ပါ .. လာသွားမယ် "

Naကပြောပြီး အရှေ့ကိုရှောက်သွားတော့ Yeonက ဘေးကနေ ကပ်လိုက်လာသည် ။ နှစ်ယောက်သား နေရာအတည်တကျ ထိုင်ပြီးသွားတဲ့နောက်တော့ Naက အိမ်ထဲ ပြန်ဝင်သွားသည် ။ ပြန်ထွက်လာတော့ လက်ထဲမှာ ထိုးလက်စ သိုးမွှေးချီလုံးနဲ့ချီထိုးတံလေးတွေပါလာသည် ။

" သိုးမွှေးထိုးတတ်တာလား? "

" အွန် , အရင်ကတော့မထိုးတတ်ပါဘူး မနက်က Yeonနဲ့မိတ်ဆက်ပေးခဲ့တဲ့ မားသား ဆီက သင်ထားတာလေ "

" အခုက ဘာထိုးနေတာလဲ ? "

" အင်္ကျီ , Yeonအတွက် "

" ငါ့အတွက်လား? "

Na ဒီလိုပြောတော့ Yeonက အံ့ဩသွားသလိုလေး ပြန်မေးတယ် ။ Yeonကိုကြည့်ရင်း Naမှာ ပြုံးပြလိုက်မိတာကလွဲ စကားထပ်မပြောဖြစ်တော့ဘူး ။
ကန်စွန်းဥတွေ နွေးလာတော့ Yeonကို ကန်စွန်းဥဖုတ်လေးတည်ခင်းပေးလို့ Naမှာ ကိုယ်တိုင် ယူကျွေးလိုက်ရသည် ။ Na သိုးမွှေး‌ထိုးနေတာကို Yeonမှာ မမြင်ဖူးသလို အထူးအဆန်းလို ဘေးကနေကြည့်နေရှာသည် ။ ထိုးခဲ့တဲ့ ရက်တွေလည်း များခဲ့ပြီမို့ ဆွယ်တာလေးဟာ Yeon သူမ အနားရှိနေချိန်မှာဘဲ အပြီးသတ်သွားသည် ။ ‌အစဉ်သင့်လိုက်တာ ။ Yeonဆီ Naမှာ အလုပ်ရှုပ်ခံပြီး ပို့ပေးနေစရာမလိုတော့ဘူး ။

" ဝတ်ကြည့်မလား? "

" ဟွန်? , ပြီးသွားပြီလား? "

Yeonက အစားစားရင် တစ်ကယ်ညစ်ပတ်လေး ။ နှုတ်ခမ်းမှာလည်း ကန်စွန်းဥက အမဲဖက်လေးတွေ ကပ်လို့ ။

" အွန့် နှုတ်ခမ်းကို သုတ်လိုက်အုံး "

အမြဲဆောင်ထားတတ်တဲ့ ပဝါလေး ပေးမိပြန်တယ် ။ Yeonက ဒီတစ်ကြိမ်လည်း အင်္ကျီလက်စနဲ့ဘဲသုတ်အုံးမှာ ။

" ကျေးဇူးပါဘဲ "

ဘာလဲ ! Yeonက သူမ ပေးတဲ့ ပဝါကိုယူပြီး သုတ်လိုက်တာလား ။

Spring is Coming   || 2YeonWhere stories live. Discover now