☞05

420 50 4
                                    


နွေဦးကုန်သွားခဲ့ပြီ Yeon ။နွေဦးကုန်တဲ့အခါ ရှင့်အမုန်းတွေလည်း ကြွေကျန်ခဲ့ရလိမ့်မယ် Yeon လို့ Na ကြုံးဝါးခဲ့ဖူးတယ် ။ Yeonအမုန်းတွေက Naအတွက် ဘယ်တော့မှ မကြွေနိုင်တော့ဘူး ထင်ပါရဲ့။ ရွက်ကြွေတွေမခြောက်ခင် Yeonရင်ထဲ Na ခိုဝင်ခွင့်မရလိုက်ဘူး ။ ပန်းတွေပွင့်နေမဲ့ လမ်းကြားထဲလည်း Yeonနဲ့ နှစ်ယောက်အတူလျှောက်ခွင့်မရတော့ဘူး ။ အခုတော့ Yeonကို Na အပြီးတိုင် ဆုံးရှုံးလိုက်ရပြီ ။ နာကျင်မှုတွေ တစ်ဝက်မက သက်သာသွားလိုက်တာ Yeonရယ် ။ တစ်ခါတစ်လေကျ Yeonရဲ့ လူတစ်ဖက်သားအပေါ် နာကျင်သွားအောင်ပြောနိုင်တဲ့ စကားတွေကို  သိပ်လွမ်းတယ် ။ ကော်ဖီတွေ သောက်နေသေးလား? Yeon ။ ဆေးရော ညတိုင်း ပုံမှန်သောက်ဖြစ်ရဲ့လား ။ မီးကြောက်တတ်တဲ့ အကျင့်ရော ပျောက်သွားပြီလား ။ ဒီနေ့ ဒီမှာ မနက်ပိုင်းမိုးတွေရွာသွားတယ် Yeonရဲ့ ။ လှန်းထားတဲ့ အဝတ်တွေ ပြေးရုတ်ရင်း Yeonကို သတိရမိလိုက်သေးတယ် ။ မိုးရွာရင် ထီးမဆောင်းတတ်တဲ့ Yeonတစ်ယောက်နဲ့ ဒီနှစ်ရွာတဲ့ မိုးတွေနဲ့ အဆင်မှ ပြေနေရဲ့လားလို့ ။ ချမ်းတတ်တဲ့ Yeonတစ်ယောက် ညဘက်တွေရော တစ်ယောက်ထဲ ကွေးနေရပြီလား ။ အယောင်ယောင်အမှားမှားနဲ့ Naကိုရော နမ်းဖို့ တစ်ဖက်လှည့်မိလိုက်သေးလား ။ သိချင်တာတေွသိပ်များရတယ် Yeon ။ အခုလို လွမ်းနေရဖို့ လက်လွှတ်ပေးခဲ့တာ မဟုတ်ပါရဲ့ ။ တိုက်ဆိုင်မှုတွေမရှိတောင် Naမှာ သက်ငွေ့တစ်ချက်ရှိုက်သွင်းမိတိုင်း Yeonကို လွမ်းရတယ် ။ ပျော်နေရဲ့လား ။ Naမပါဝင်တဲ့ Yeonရဲ့ နေ့ရက်တွေက ပျော်ရွှင်စရာကောင်းရဲ့လား ။ မေးခွန်းတွေကြည့် မေးနေမိလို့ Yeonတော့ စိတ်မရှည်ဖြစ်တော့မှာဘဲ ။

👣

ပြတင်းပေါက်အပြင်ကို ငေးရင်း Yeonကိုဘဲ တပြီး လွမ်းနေတဲ့ မိန်းကလေးဟာ Im Nayeonပါတဲ့

👣

" ကျေးဇူးတင်ပါတယ် "

မီးလာပြင်ပေးတဲ့ အိမ်ဘေးက အဒေါ်ကြီးတစ်ယောက်ကို ကျေးဇူးတင်လို့ ကန်စွန်းဥတွေ လက်ဆောင်အဖြစ် ထည့်ပေးလိုက်သည် ။ လင်းသွားတဲ့ အခန်းကိုကြည့်ပြီး Naမှာ Yeonကို လွမ်းရသေးတာ ။ အိမ်ရှေ့မှာ ထွက်ထိုင်ပြီး ကောင်းကင်ကို မော့ကြည့်မိတော့ လမင်းဟာပြည့်လုနီး ။

Spring is Coming   || 2YeonWhere stories live. Discover now