☞06

412 49 2
                                    

နားယဉ်နေတဲ့ Yeonရဲ့ အသံ‌ေလးက မပြောင်းလဲသွားဘူး ။ ရေချိုးမှားပြီး နှာစေးနေလို့တဲ့ အသံက နှာသံလေးတော့ နဲနဲရောနေတယ် ။ Yeonမေမေက Yeonနဲ့သာ ဖုန်းပြောနေတယ် Naကို တစ်ကြည့်ကြည့်နဲ့ ။ Yeonအဖေကတော့ Naကို ပြုံးပြီးသာ ကြည့်လို့နေသည် ။

" သမီးနေကောင်းတဲ့အကြောင်းကို ဦးလေးImတို့ ကို ပြောပေးပါအုံး အမေ  "

" မနက်ကျ သာကြောင်းမာကြောင်းသွားမေးရင်း အမေပြောလိုက်ပါ့မယ် "

" ဒါဆို သမီး စာလုပ်တော့မယ်နော် အမေ
အဖေရော ဂွတ်ဒ်နိုက် "


Yeonကလေ သိပ်အစွဲကြီးတာဘဲ ။ ယောင်လို့တောင် Naအကြောင်းလေး မေးမလာရှာဘူး ။ ဘာဘဲဖြစ်ဖြစ် အသံလေးတော့ ကြားခွင့်ရလိုက်လို့ Na ပျော်သွားပြီ ။

" ဘာလို့ သမီးNaအိမ်ရောက်နေတဲ့အကြောင်း Yeonကို မပြောခိုင်းတာလဲ? "

" Yeonအတွက် အနှောက်အယှက်ဖြစ်သွားမှာ ဆိုးလို့ပါ .. နောက်ကျနေပြီမို့ သမီးပြန်လိုက်ပါအုံးမယ် ဦးလေးနဲ့ဒေါ်လေး .. ခွင့်ပြုပါအုံး "

အားး ည‌လေက အေးလိုက်တာ ။ နွေဦးရယ် နင်လည်း အကျင့်မကောင်းချင်ဘူး သိရဲ့လား ။ တစ်နှစ်စာလောက် ပင်ပန်းခဲ့သမျှ Yeonအသံလေးကြားလိုက်ရမှ ပြေတော့သည် ။ ဒီည အိပ်ရတဲ့ စိတ်က Yeonရင်ခွင်ထဲ အိပ်နေရသလို နွေးနေလိုက်တာ ။

👣

အပျော်တွေ လွန်နေလိုက်တာ Yeonရယ်
Naဒီလို မပျော်ရတာကြာခဲ့ပြီ Yeon

👣

မနက်အစောကားနဲ့ဘဲ Na ရွာကို ပြန်ရောက်လာခဲ့သည် ။ ဒီအချိန်လောက်ဆို Yeonမေမေပြောလို့ Naမနေ့က ဆိုးလ်ကို လာခဲ့တဲ့အကြောင်း မေမေ သိပြီးလောက်ရောပေါ့ ။ လိုရမယ်ရဝယ်လာတဲ့ ပစ္စည်းထုပ်တွေကို စားပွဲပေါ်တင်လိုက်ပြီး ပိုက်ဆံအိတ်ထဲက စာတွေကို Naစာရေးနေကျ စားပွဲပေါ် တင်ထားခဲ့လိုက်သည် ။ ဘုရားကျောင်းကိုသွားပြီး ဖာသာနဲ့ တွေ့ကာ ထောက်ပံ့ကြေးလျှောက်တာ အဆင်ပြေခဲ့ကြောင်း ပြောပြီးနောက်တော့ ကလေးတွေရှိနေတဲ့ နေရာဆီ စာသင်ဖို့ Naထွက်လာခဲ့မိသည် ။

ခြေလှမ်းတွေပေါ့ပါးနေလိုက်တာများ အလုပ်တွေ မအားလို့ Yeonကို မလွမ်းတော့ဘူး ဆိုပြီး စာထဲ ရေးခဲ့တဲ့ Im Nayeonမှ မဟုတ်သလို ။ စိတ်ကပျော်နေလို့ ဒီနေ့တစ်ရက်လုံး Naဘာဘဲ လုပ်လုပ် အဆင်ပြေနေသည် ။ ညနေစောင်း Naအိမ်ပြန်ရောက်တော့ ပိတ်ဖို့မေ့ခဲ့တဲ့ ပြတင်းတံခါးကြောင့် စားပွဲပေါ်တင်ထားခဲ့တဲ့ စာစောင်တွေဟာ အခန်းကျဉ်းထဲ ပျံ့ကျဲလို့နေသည် ။ တစ်စောင်ချင်း လိုက်ကောက်လို့ပြီးသွားတဲ့ နောက်တော့ ညစာချက်ဖို့ ပြင်ဆင်ရပြန်သည် ။ ရေလည်း ချိုးပြီးသွားပြီမို့ ညစာလည်း စားသင့်နေပြီ ။ ထမင်းနဲ့ ဟင်းတွေကို သေချာ ခူးခပ်ပြီးသွားသည့်တိုင် Naမှာ ထမင်းမစားဖြစ်သေးဘူး ။

Spring is Coming   || 2YeonWhere stories live. Discover now