☞Extra : 09

1.1K 72 21
                                    


" စာပို့လာပြီပေါ့ "

နွေဦးရောက်ပြီဆိုတဲ့ Naရဲ့ messageကို Yeonမှာ ကြည့်ပြီး သဘောကျလို့မှ မဆုံးနိုင်ဘူး ။ သူမ Naကို ဖုန်းနံပါတ်ပေးခဲ့တာ ဘယ်လောက်တောင် ကြာလိုက်ပြီလည်း ။ Naကို ဒီလောက်ထိ နေနိုင်မယ်မှန်းလည်း မထင်ခဲ့မိ ။ ကိုယ့်ကိုကိုယ် အရမ်းအချစ်ခံခဲ့ရတဲ့သူရော ဟုတ်ရဲ့လားဆိုပြီး ဇဝေဇဝါဖြစ်မိလိုက်တဲ့အထိဘဲ ။ messageတစ်စောင်ကြောင့်နဲ့ အလုပ်ကိုပစ်ထားလိုက်လို့လည်း မဖြစ်သေးဘူး ။ ဒါတွေက ‌ဒီနှစ်နွေဦးမှာ Naနဲ့ ဆယ်ရက်လောက်အတူရှိနေနိုင်ဖို့ သူမကြိုးစားထားခဲ့ရတာတွေလေ ။
ဖုန်းကို စားပွဲပေါ်ပြန်တင်လိုက်ကာ သူမနေရာမှာပြန်ထိုင်လိုက်ပြီး အစည်းအဝေးကို ပြန်စလိုက်သည် ။

👣

ကိုယ့်ကိုချစ်ရတဲ့သူဆီ သွားဖို့ ၂၄နာရီလောက်လေးဘဲ လိုတော့တာကို မစောင့်နိုင်တော့တာ နွေဦးမျှော်စာကြောင့်နဲ့

👣

Naဆီသွားဖို့ အလုပ်ပြီးသွားထဲက ဈေးလေးလည်း အပြေး‌လာခဲ့လိုက်မိသည် ။ Naက အသားတွေထက် အသီးအရွက်တွေကို ပိုကြိုက်တတ်တယ် ။ ကြာကြာအထားမခံမှန်းသိလို့ အများကြီးလည်း မဝယ်ဖြစ်လိုက် ။ ရွာက Naရဲ့ အိမ်မှာ ရေခဲသေတ္တာမရှိတာ Yeonအသိ ။ ဝယ်စရာရှိတာတွေဝယ်ပြီးပြန်ထွက်လာတော့ မှောင်နေတဲ့ ညကိုကြည့်ပြီး Yeonမှာ သက်ပြင်းကလေးအဖြေးချရတယ် ။ ဘယ်လောက်မှ မလိုတော့ဘူးဆိုပေမဲ့ မနှစ်ကနွေဦးမှာ Naဆီ မသွားဖြစ်လိုက်လို့ တစ်ညတာလေးထပ်စောင့်ဖို့ လိုနေသေးတာတောင် Yeonမှာ စိတ်မရှည်ချင်တော့ဘူး ။

အိမ်ကိုပြန်ရောက်တော့လည်း Yeonမှာ အဝတ်အစားအချို့ကို ထည့်ရသေးတယ် ။ အသုံးအဆောင်ပစ္စည်းနဲနဲလောက်ပါ အဝတ်အစားတွေနဲ့အတူထည့်လိုက်ပြီး ကားအနောက်အခန်းထဲမှာ သွားထည့်ထားလိုက်သည် ။ လုပ်စရာတွေလည်း မရှိတော့တာမို့ အိပ်ရာဝင်ဖို့အတွက် Yeonဆေးသောက်ဖို့ လုပ်လိုက်သည် ။ ဆေးမသောက်ဘဲ အိပ်မိရင် Naက သူမအိမ်မက်ထဲမှာ ဆေးလာတိုက်တတ်လို့ တရေးနိုးရပြီး ဆေးထသောက်ရသည် ။ ဆေးသောက်ပြီးသွားတော့ အခန်းမီးပိတ်ကာ Yeon အိပ်ရာဝင်ခဲ့လိုက်သည် ။

Spring is Coming   || 2YeonWhere stories live. Discover now