☞04

444 50 6
                                    

Yeonက သူကိုယ်တိုင်ဘဲ ရေစွတ်ထားတဲ့ တပတ်နဲ့ Naမျက်နှာကို သေချာသုတ်ပေးနေသည်မို့ Naမှာ Yeonရှေ့ ရင်ခုန်သံတွေ အဖန်တလည်းလည်း မှောက်ရက်လဲနေရသည် ။ မျက်နှာသန့်စင်လို့ပြီးသွားတော့ Yeonက ဘေးက စားပွဲပေါ်တင်ထားတဲ့ သွားတိုက်တံနဲ့ ရေခွက်ကိုယူပြီး ရေချိုးခန်းထဲ ထပ်ဝင်သွားသည် ။ ဖြစ်နိုင်ရင် Yeonနောက်ကို တကောက်ကောက်လိုက်သွားချင်တာပါဘဲ ။ Yeonက ဒီနေ့မှ ထူးပြီး Naမျက်လုံးတွေထဲ အရမ်းကို ချစ်စရာကောင်းနေလေသည် ။ တစ်ယောက်ထဲ အပျော်ကြီးပျော်ပြီး ပြုံးနေမိတာ မျက်နှာပိုးသတ်မရတဲ့အထိ ။ ရေချိုးခန်းထဲက Yeonပြန်ထွက်လာတော့လည်း Naမှာ စပ်ဖြီးဖြီးနဲ့ Yeonကို ပြုံးပြလိုက်မိပြန်သေးတာ ။

" ဗိုက်ဆာတယ် "

" ငါဘားမှ ချက်မထားဘူး "

" တစ်ခုခုရော အဆာပြေစားလို့ရတာ မရှိဘူးလား? "

" ဒါလည်း ငါ မသိဘူး "

Yeonကလေ မိန်းကလေးသာပြောတယ် အချက်အပြုတ်လည်း တစ်ကယ် စိတ်မဝင်စားတာ သိလား ။ မီးကြောက်တာတော့ ထားပါတော့ ။ ကိုယ့်အိမ်မှာ ဘာတွေရှိတတ်လည်းတော့ သိနေရမှာပေါ့ ။


" ဟိုတစ်လောက အန်တီ ကင်ချီတွေလာပေးထားတာရှိသေးတယ် .. မနေ့ညက ထမင်းလည်း ပိုအုံးမယ်ထင်တယ် သုပ်ကျွေးပါလား? "

Naသိတယ် ။ Yeonက ထမင်းတောင် တည်တတ်မှာ မဟုတ်ဘူးဆိုတာ ။


👣

ထမင်းတောင်မချက်တတ်တဲ့ Yeonကို Naကို ချစ်တတ်လာအောင် သင်ပေးရတာလည်း ခက်တာမပြောနဲ့လေ

👣


Yeonသုပ်ပေးတဲ့ ထမင်းသုပ်ဆိုတာလေး Naမှာ ကြည့်ပြီး ပီတိဖြစ်ရသေးတာ ။ မစားခင်အချိန်ထိပေါ့ ။ အချစ်တွေ ပန်းကန်ထဲမှောက်သွားသလားမသိ ။ ကင်ချီအရသာကလွဲပြီး ဘားမှ မရတဲ့ ထမင်းတစ်လုတ်ကို ပြုံးပြုံးကြီးဘဲ Naဟာ စားခဲ့မိတာ ။ ဘာအရသာမှုန့်မှ ထည့်မထားတာကြည့်ရင် Yeonဟာ အလွယ်ဆုံး ထမင်းသုပ်လေးတောင် မသုပ်တတ်တဲ့အထိတဲ့လား ။ 

" စားရတာ အဆင်ရောပြေရဲ့လား? ငါတော့ စားရတာ တစ်မျိုးကြီးဘဲ "

Spring is Coming   || 2YeonWhere stories live. Discover now