☞01

2K 73 4
                                    

" အဆင်ပြေရဲ့လား? "

မြေပြင်ပေါ်က ရွက်ကြွေတစ်ရွက်ကို ကောက်ယူရင်း မိန်းကလေးတစ်ယောက်ဟာ အမေးပြုလိုက်တယ် ။ နွေဦးဟာ အဖော်မပါတဲ့သူမကို ဒီအတွက်ကြောင့် အရူးလို့ မြင်သွားလေရဲ့ ။ သူမကတော့ သူမအရှေ့က ကြွေရွက်တွေထက် သူမ လက်ထဲက ရွက်ကြွေတစ်ခုကိုဘဲ အာရုံရှိနေလေသည် ။

" ပြန်မလာတော့တာ တစ်ကယ်သေချာပြီလား? "

လက်ထဲက ရွက်ကြွေကို လုံးချေလိုက်ပြီး ထိုမိန်းကလေးဟာ ထိုင်နေရာကနေ ထရပ်လိုက်သည် ။
သူမရဲ့ ခြေထောက်တွေဘေး လွင့်ကျလာတဲ့ ရွက်ကြွေဟာ ခေါက်ချိုးရာတွေ များစွာနဲ့ ။ အမှုန်တွေအဖြစ်သာ လွင့်ပျံသွားချင်ပေမဲ့ နေမင်းဟာ သူ့ကို ရေဓာတ်ခမ်းခြောက်အောင် မစွမ်းပေးသေးတာကြောင့် ဘဝကူးဟာ သိပ်မလှပြန်ခဲ့ဘူး ။

ခြေလှမ်းတွေဟာ လမ်းတစ်ဖက်ဆီ မျက်နှာမူသွားတယ် ။ ရေတွေပေါ်ထိုးထားတဲ့ သစ်သားတံတားတစ်ခုဆီကိုပေါ့ ။ တံတားအဆုံးထိ လျှောက်လာတဲ့ မိန်းကလေးဟာ သူမအရှေ့က ရေပြင်ကျယ်ကိုကြည့်ရင်း သူမရဲ့ ပုံရိပ်ကို တစ်စိုက်မတ်မတ်ကြည့်နေမိသည် ။

" Im Nayeon , နင်ကဘာလို့ တစ်ခြားသူတစ်ယောက်ရဲ့ ဘဝကိုယူပြီး အသက်ဆက်ရှင်နေရတာလဲ ? "

👣

နွေဦးကုန်တဲ့အခါ ရှင့်အမုန်းတွေလည်း ကြွေကျန်ခဲ့ရလိမ့်မယ် Yeon ။ ဒီတော့
ရွက်ကြွေတွေမခြောက်ခင် ရှင့်ရင်ထဲ ကျွန်မကို ခိုဝင်ခွင့်ပေးလှည့် ။

👣

သေဖို့အတွက် အရာရာအဆင်သင့်ပြင်ထားခဲ့ပြီးမှ လူတစ်ယောက်ကြောင့် အသည်းအသန် အသက်ရှင်ချင်လာရတာမျိုး ကြုံဖူးလား ။ ကျွန်မတော့ကြုံခဲ့တယ် ။ နောက်ဆုံးအခွင့်ရေးဆိုတာကို လက်လွှတ်ဖို့ ကြိုးစားခဲ့ပြီးမှ လူတစ်ယောက်အချစ်ကိုခံရဖို့ ကျွန်မ အသက်ရှင်နိုင်မဲ့ အဲ့အခွင့်အရေးကို အမုန်းခံပြီးယူခဲ့တယ် ။ မနက်ဖြန်တွေလှဖို့အတွက်နဲ့ ကျွန်မမှာ  သူမ အမုန်းတွေကို ရင်ခွင်ပိုက်ထားရတာ သိပ်တော့ အဆင်ပြေမနေဘူး ။ ဒါပေမဲ့ ကိုယ်ရွေးချယ်ခဲ့တဲ့အရာမို့ ကျေနပ်လို့လည်း မဆုံးဘူး ။

Spring is Coming   || 2YeonWhere stories live. Discover now