☞07

452 50 2
                                    


" Yeon "

" မတွေ့ရတာကြာပြီနော် "

Yeonကလေ ဆံပင်တွေညှပ်လိုက်တယ်သိလား ။ အခုဆို မျက်မှန်အဝိုင်းလေးနဲ့လည်း Yeonက ကြည့်ကောင်းနေပြီ ။ အရပ်လည်းပိုရှည်လာတယ် ။ ပါးလေးတွေလည်းပိုပြီးဖောင်းလာတယ် ။ Naအနားမှာ မရှိတော့ Yeon ပိုပြီးစိတ်ချမ်းသာရတယ်ထင်တယ် ။ တော်သေးတာပေါ့ ‌ဆုံးဖြတ်ချက်တွေ မှန်နေခဲ့လို့ ။ Yeon အဆင်ပြေနေတာမြင်ရတော့ Naလည်း Yeonအကြောင်းတွေ တွေးပြီး ထပ်မလွမ်းသင့်တော့ဘူးပေါ့ ။

" ပြန်ဝင်ပါ .. ကောင်မလေးစောင့်နေတယ်မလား? "

" ကောင်မလေး ? "

" နင်နဲ့ထိုင်နေတဲ့ တစ်ယောက်လေ "

" အာ အဲ့ဒါက Naအသိညီမလေးပါ "

" ဘာဘဲဖြစ်ဖြစ် ငါ သွားဝော့ာမယ် "

" အွန် ကောင်းကောင်းသွားနော် "


Yeonက အရင်လိုဘဲ Naအပေါ်အေးစက်တုန်း ။
ခဏလောက်နေပါအုံးလား Yeonရယ် ဆိုပြီး မဆွဲဖြစ်လိုက်ဘူး ။ ဒီအတိုင်းလေးဘဲ Yeonထွက်သွားတာကို ရပ်ကြည့်နေလိုက်မိသည် ။ လွမ်းနေခဲ့တဲ့ မျက်နှာလေး ။ သတိရခဲ့တဲ့ ကျောပြင်လေး ။ ချစ်နေခဲ့ရတဲ့ Naရဲ့ Yeonလေး ။




👣

နွေဦးရောက်တိုင်း Yeonကို မျှော်နေတဲ့ မိန်းကလေးရှိတယ်ဆိုတာ မမေ့နဲ့နော်

👣


Yeonထိုင်သွားတဲ့ ခုံမှာထိုင်ပြီး Yeonမှာထားတဲ့ ကော်ဖီခွက်ကို Naကြည့်နေမိသည် ။ Yeonကို တစ်ခါမေးဖူးတယ် ။ ဘာလို့ ကော်ဖီကိုမသောက်ဘဲ မှာတာလဲလို့ ။ Yeonက ဘယ်လိုပြန်ဖြေလည်း သိလား ။ ကော်ဖီစေ့ရဲ့ အနံ့ကို သူသဘောကျလို့တဲ့ ။
Yeonက အရူးလေးနော် ။ ကော်ဖီစေ့ကို ‌သဘောကျတာနဲ့ ကော်ဖီတစ်ခွက်တောင်မှာတယ် ။ Yejiရဲ့ ကောင်မလေးကိုလည်း စကားကောင်းကောင်းပြောပြီး မနှုတ်ဆက်လိုက်ရဘူး ။ Naအကြောင်းကိုသိနေပြီးသား Yejiက Naကို နားလည်ပေးမှာပါ ။



👣

Yeonက Naရဲ့ နွေဦးဖြစ်ခဲ့ရင် Yeonအတွက် Naက ကော်ဖီစေ့လေးဖြစ်ချင်တယ်

👣


ညနေကားနဲ့ဘဲ ရွာကိုပြန်ဖို့ လုပ်ပြီးခါမှ မထင်မှတ်ဘဲ Yeonက သူမတို့ မင်္ဂလာဦးအိမ်လေးကို ရောက်လာလို့ Naမှာ အိမ်တံခါးတွေ လိုက်ဖွင့်လိုက်ရတာလည်း အမောဘဲ ။ အိမ်အနောက်က စမ်းချောင်းဘက်ကို Yeonတစ်ခါမှ သွားတာ မမြင်ဖူးလို့ ဒီနေ့ Yeonအဲ့လိုသွားတော့ Naမှာ ထူးဆန်းနေမိသေးတာ ။ Yeonက စမ်းချောင်းပေါ်ထိုးထားတဲ့ တံတားပေါ် လျှောက်သွားရင်း ရပ်လိုက်သည် ။


Spring is Coming   || 2YeonWhere stories live. Discover now