Crocodile Tears (Part -1)

6.1K 245 21
                                    

Crocodile Tears (Part-1)

မနေ့ညက အတော်နောက်ကျမှ ရောက်သည်ကြောင့် အိပ်ရာထဲခေါင်းထိုးကာ အိပ်စက်အနားယူပြစ်လိုက်မိသည်။ ဂိုထောင်ထဲတွင် သုံးနှစ်လောက် သိမ်းဆည်းထားသည့် ဂျစ်ကား၏ အင်ဂျင်အား စမ်းမကြည့်အားခဲ့။ ထို့အတွက် ချမ်းချမ်းအေးအေးနှင့် မနက်စောစောထကာ အိမ်နောက်ဖေးနှင့်ဆက်လျက် ဆောက်ထားသော ဂိုထောင်ဘေးတံခါးကို ဖွင့်ပြီးနောက် ဂျစ်ကားဆီလျှောက်ခဲ့မိသည်။

သုံးနှစ်တာကာလ သိမ်းဆည်းထားသည်မို့ ဖုန်အလိမ်းလိမ်းတက်နေမည်ဟု ထင်မိသော်လည်း အနက်နှင့်အဝါစပ်ထားသည့် ဂျစ်ကားလေးကတော့ သစ်လွင်တောက်ပလျက် ရှိနေခဲ့လေသည်။

သူ့နှုတ်ခမ်းပါးထောင့်ကွေးက ဖြတ်ခနဲတွန့်ရုံကလေးနှင့် သူ့စိတ်ကျေနပ်မှုကို ထုတ်ဖော်လိုက်မိသည်။

"ဦးသော်က ကတကယ်အားကိုးရတာပဲ..."

ဂျစ်ကားလေးထဲ စွေ့ခနဲဝင်ထိုင်လိုက်ရင်း အဆင်သင့်တပ်ထားသည့် သော့ကိုလှည့်လိုက်ကာ စက်နှိုးလိုက်မိတော့...ခပ်ဖြည်းဖြည်းမှန်မှန်နဲ့ ထွက်ပေါ်လာတဲ့ စက်သံကြောင့် ဒုတိယအကြိမ်မြောက် သူ့နှုတ်ခမ်းဖျားတွေကွေးညွတ်သွားရပြန်သည်။

"အင်ဂျင်ကို နေ့တိုင်းနှိုးပေးထားပုံပဲ..."

ဂိုထောင်၏ Automatic doorက တဖြည်းဖြည်းအပေါ်သို့ မြင့်တက်ပွင့်ဟသွားခဲ့သည်။ ထို့နောက် သူဂီယာချိန်းပြီး လီဗာပေါ်ခြေတစ်ဖက် တင်လိုက်ရင်း ဂိုထောင်ထဲမှ ဂျစ်ကားကိုဖြည်းဖြည်းမောင်း၍ ထွက်ခဲ့လိုက်တော့သည်။

ခြံဝင်းကတောင်စောင်းထိပ်တွင် ရှိနေသည်မို့ ပထမဆုံးမြင်ရသည်က တောင်စောင်းတလျှောက်ဝေ့သီနေသော တိမ်ပင်လယ်များပင်။ ခြံဝင်းထိပ်ဆင်းရသည့် လမ်းတလျှောက်သည်လည်း မတ်စောက် ရှည်လျားလွန်းလှပြီး ခြံ၏သုံးပုံနှစ်ပုံခန့်တွင်တော့ လမ်းကိုဘယ်ဖက်သို့ကွေ့ဝိုက်၍ ​ဖောက်လုပ်ထားသည်။ ကွေ့ဝိုက်ဆင်းသွားရသည့်လမ်းသည် ခြံထိပ်ဘယ်ဖက်ထောင့်ဝန်းတံခါး၌ အဆုံးသတ်၍ ပြင်ပလမ်းမကြီးနှင့် ဆက်သွယ်ထား၏။ ဘီးလှိမ့်ရုံမျှ မောင်းနှင်လာသည့် ဂျစ်ကားပေါ်မှ တိမ်ပင်လယ်ရစ်ဝိုင်းနေသည့် တောင်စောင်းထက်မှ ခပ်ကျဲကျဲနေအိမ်နှင့် စိုက်ခင်းများကို တိမ်ပင်လယ်ကြား၌ ခပ်ရေးရေးမြင်နေရသည်။

Crocodile Tears (Complete)Where stories live. Discover now