Crocodile Tears ( Part - 17)

613 66 17
                                    

Crocodile Tears ( Part- 17)

အဆုံးသတ်၌ ဇဝနသည် သောက်လက်စ ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေ လိုက်ပြီးနောက် စက်ကွင်းများ ခေါ်ဆောင်ရာ နောက် လိုက်ပါ သွားမိတော့သည်။ သူ့ခြေလှမ်းများက ကောင်လေး၏ အခန်းဆီသို့ ဦးတည် နေခဲ့သည်။ အခန်းဝ ရောက်သောအခါ ဂျက်မချထားသည့် တံခါးသည် သူ့လက်နှင့် ထိလိုက်မိသည်နှင့် အလိုလို ပွင့်လျက်သား ဖြစ်သွားလေသည်။

ကောင်လေးသည် အမြဲ လိုလိုပင် တံခါးဂျက်ကို ချမထားတတ်ကြောင်း သူသတိထားမိလိုက်ပြီး အခန်းထဲ ဝေ့ဝဲ ကြည့်မိတော့ အခန်းလည်ရှိ ပက်လက်ကုလားထိုင်တွင် မှီလျက်သား အိပ်ပျော်နေသည့် ကောင်လေးကို တွေ့လိုက်ရသည်။

ကောင်လေးသည် ခွေးခြေခုံ သေးသေးလေးပေါ် ဖန်ကွဲရှထားသည့် ခြေတစ်ဖက်ကို တင်ထားလျက် ရင်ဘတ်ပေါ် လက်တင်၍ အိပ်ပျော်နေသည်။

ဘယ်လောက်တောင် ရိုးရှင်းလွန်းတဲ့ ကောင်လေးလဲ။

သို့သော် ရာသီဥတု အေးစိမ့်စိမ့် ဖြစ်နေ သည်ကို ကောင်လေးက စောင်မခြုံပဲ ဒီအတိုင်းအိပ်နေသည်။  ထို့အပြင် ညနေစောင်းနေပြီ ဖြစ်၍ အဖျားသွေး ဝင်လာမှာကို စိတ်ပူသွားမိသည်။

"ကျစ် အေးနေတာကိုကွာ....”

ဇဝနသည် ကောင်လေး၏ နဖူးပြင်ကို လက်ဖမိုးနှင့် စမ်းလိုက်တော့ ကောင်လေးက လူးလွန့်ကာ နိုးလာလေသည်။

"အင်... ဟင်... အော်.. ဆရာ”

"အင်း...”

ကောင်လေးသည် ပြတင်းတံခါးမှ အိမ်အပြင်ဘက်ကို လှမ်းကြည့် လိုက်သောအခါ အနည်းငယ် မှောင်စ သမ်းနေပြီဖြစ်သော ညနေချိန်ကို မြင်တွေ့သွားလေတော့သည်။

"အာ... ညနေမိုးချုပ်တော့မယ်... ကျွန်တော်အိပ်ပျော်သွားတာနဲ့ ညနေစာ ချက်ဖို့ မေ့သွားတယ် တောင်းပန်ပါတယ် ဆရာရေ ကျွန်တော် အခုပဲ သွားချက်...”

ကောင်လေးက ထိုသို့ ပြောရင်း ထိုင်ရာမှ ထရပ်ရန် ပြင်လိုက်လေရာ ဇဝနက ကောင်လေး ပခုံးတို့ကို ဖိထားလိုက်လေသည်။

"နားနေစမ်းပါ..”

"ဒါမယ့် ညနေစာ...”

"မင်းပူစရာမလိုဘူး...”

Crocodile Tears (Complete)Where stories live. Discover now