Crocodile Tears ( Part -39)

1K 53 40
                                    

Crocodile Tears ( Part - 39)

ဇဝန သည် တောင်ဆွယ်၌ ငုပ်လျှိုး ပျောက်ကွယ် တော့မည့် နေလုံးကြီးအား နာကျင်ဝမ်းနည်းနေသည့် မျက်ဝန်းအစုံဖြင့် ကြည့်နေခဲ့သည်။ ထိုအချိန်တွင် တိုးလျသည့် ခေါ်သံလေးအား ကြားလိုက်ရချိန်၌ သူ့မျက်ဝန်းများသည် ချက်ခြင်း အရောင်ပြောင်းလဲ သွားခဲ့တော့သည်။

"ဆရာ...”

နာကျင်ခြင်းများ လွှမ်းခြုံနေသည့် မျက်ဝန်းများသည် အေးစက် စိမ်းသက်သော အငွေ့အသက်များနှင့် ပြည့်နှက် သွားခဲ့သည်။ တည်ကြည်နေသော မျက်နှာထား သည်လည်း ချက်ခြင်းဆိုသလို လှောင်ပြုံး တစ်ခုနှင့် ဖြစ်သွားတော့သည်။

"အဟက်... အဟား... ဟား... ဟား.... ဟား...”

ထို့နောက် သူသည် ခြောက်ကပ်အေးစက်စွာ၊ သဘောကျကျေနပ်စွာ ခပ်ကျယ်ကျယ် အော်ဟစ် လှောင်ရယ် လိုက်လေတော့၏။

ထို့နောက် စူးရှ အေးစက်သည့် အကြည့်တစ်ချက်နှင့် တစ်နေရာဆီသို့ ကြည့်လိုက်ကာ...

"ငါ သိပ်ချစ်ခဲ့တာလေ...
ငါအရမ်းချစ်တာပါ...”

ဟူ၍ ဆိုလိုက်လေတော့၏။

ထိုသို့ ပြောဆိုလိုက်ပြီးနောက် လွန်လေပြီးသော အချိန်ကာလများ ဆီသို့ သူ့စိတ်က ခရီးနှင်ခဲ့တော့သည်။ အဖြစ်အပျက်များသည် အနှေးပြ ရုပ်ရှင် လို တကွက်ခြင်း တရေးရေး ပုံပေါ်လာနေခဲ့လေသည်။

.............................

မင်္ဂလာပွဲ နေ့။

"မာမီ... အတာရော...”

"စိမ့်ဆီ ပစ္စည်း သွားပို့ခိုင်းထားတယ်”

"ကျွန်တော် ခဏ သွားလိုက်အုံးမယ်”

"အဲ... သတို့သားက နေရာယူထားရတော့ မယ်လေ...”

"ခဏလေးပါ... ခဏပဲ”

ဇဝန မာမီ့ကို ခဏပဲ ဟုဆိုကာ အတာ့နောက် လိုက်ခဲ လိုက်သည်။ ဟန်ဆောင် လက်ထပ်ပွဲ ဖြစ်သော်လည်း လက်သန်းကြွယ်၌ စွပ်ပေးရမည်မို့ သူပထမဆုံး လက်စွပ် စွပ်ပေးရသူက အတာ သာဖြစ်စေချင်မိသည်။ ထို့ကြောင့် အတာ့ အတွက် လက်စွပ်တစ်ကွင်း ပိုဝယ်ခဲ့ပြီး လက်ထပ်ပွဲ မ စ ခင် အရင် စွပ်ပေးရန် ကြံရွယ် ထားခဲ့ခြင်း ဖြစ်သည်။

Crocodile Tears (Complete)Where stories live. Discover now