Crocodile Tears (Part-2)
"ဆ...ဆရာ....”
ဇဝနသည် သူ့အားဆရာဟု ထစ်ထစ်အအနှင့် နှုတ်ဆက်လိုက်သည့်သူအား အသေအချာ ကြည့်မိလိုက်သည်။ ထိုသူက သူ့ထက်အတော်အတန်ပင် ငယ်မည့်ပုံ ရှိပြီး ဝတ်ဆင်ထားသည့် အညိုရောင်ဂျာကင်ကြီးသည်လဲ ပခုံးတစ်ဖက်မှလျောကျကာ ဖရိုဖရဲဖြစ်နေသည်ကို တွေ့ရလေသည်။ အနည်းငယ်ပွယောင်းယောင်းဖြစ်နေသည့် အညိုရောင်ဆံပင်များနှင့်။
"မင်းက....”
ဇဝနသည် ထိုင်နေရာမှ ထရပ်၍ လူငယ့်ကို မေးခွန်းထုတ်လိုက်သည်။ ထိုလူငယ်က မုန်ညှင်းပန်းခင်းကြားမှ မျက်နှာငယ်လေးဖြင့် ထွက်လာပြီး..
"ကျွန်တော်က အတာ ပါ...ဦးလေးဦးသော်ကရဲ့ တူပါ ဆရာ....”
"အော်...ငါ သိပြီ...”
"ဟုတ်...”
အနီးကပ်ရောက်လာသည့် အချိန်မှထိုလူငယ်လေး၏ မျက်နှာကို အသေအချာမြင်တွေ့ရသည်။ ပြည့်ဝိုင်းဝိုင်းမျက်နှာလေးနှင့် လိုက်ဖက်သောပါးဖောင်းလေးများသည် အအေးဒဏ်ကြောင့် နီတွတ်တွတ်ဖြစ်နေပြီး အသားပက်နေသည့် အက်ကြောင်းရာရေးရေးလေးများကအထင်းသားနှင့်။ ဝိုင်းစက်စက်မျက်ဝန်းလေးများက အပြစ်ရှိ၍ငြိမ်သက်အသနားခံနေသည့် ကြောင်ငယ်လေးလိုမျက်ဝန်းမျိုးနှင့်။ ပွရှုပ်နေသည့် အညိုရောင်ဆံပင်များကြားတွင် ထိုးစိုက်ပန်ဆင်ထားသည့်အလား ကျိုးကြေနေသည့် မုန်ညှင်းပန်းအချို့နှင့်။
အရှေ့ဘက်မှ ထွက်ပေါ်လာသော နေမင်းသည် သူ၏ရောင်ဝါကို ဖြန့်ကျက်လိုက်စဉ်..ဤမျှအပြစ်ကင်း၍ ချစ်စဖွယ် လူသားငယ်အား ကမ္ဘာမြေလောကအတွက် လက်ဆောင်မွန်အဖြစ် ဖန်ဆင်းပေးခဲ့ပြန်ပါသလား။ ထိုခဏသည် လှပနှစ်လိုဖွယ် အတိနှင့်ပြီးစီးသော အခိုက်အတံ့တစ်ခုအဖြစ် သူငေးမောကြည့်သွားခဲ့မိတော့၏။
"ခွင့်လွှတ်ပါဆရာ....”
ထိုကောင်လေးဆီမှ ခွင့်လွှတ်မှုကို တောင်းဆိုသောစကား။ ဇဝန ကကောင်လေးဆီရောက်နေသည့် သူ့အကြည့်များကို လွှဲဖယ်လိုက်ရင်း...
"ဘာအတွက်လဲ....”
ဟုမေးမြန်းလိုက်လေသည်။
ကောင်လေးကစိတ်လှုပ်ရှားနေသလို လက်နှစ်ဖက်ကိုပွတ်ချေနေရင်း အသံတိမ်တိမ်နှင့်ဆိုရှာသည်။
YOU ARE READING
Crocodile Tears (Complete)
Romanceမိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ ဖြစ်လိမ့်မယ်...။ မိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ...