Crocodile Tears (Part -29)

466 52 2
                                    

Crocodile Tears ( Part - 29)

ယခု ရက်ပိုင်း မာမီက ဟိုးယခင်က ထက်ပို မိုဂျီကျတတ်လာပြီး မြေး လိုချင်သည်ဟု တစာစာ ပြောလာသည်။ ဆေးသွင်း ကုသမှုကြောင့် အစားအစာ သိပ်မဝင်သည့် မာမီက အရိုးပေါ်အရည်တင်ကာ နာကျင်မှု့ဒဏ်ကို အချိန်ပြည့်လိုလို ခံစားနေခဲ့ရသည်။

သုံးဦးသား အလှည့်ကျဖြင့် မာမီ့နားတွင် ပြုစုပေးရင်း မအားလပ်နိုင်ခဲ့ကြပေ။ ထိုအထဲတွင် ချက်လိုက်ပြုတ်လိုက်နှင့် အတာလည်း ပင်ပန်းရသလို၊ လုပ်ငန်းများကို လုပ်ကိုင်ရင်း မိခင် ဖြစ်သူကို ဂရုစိုက်နေခဲ့သည့် ဇဝနလည်း အတော် ပင်ပန်းလှသည်။

ညတိုင်းလိုလို ညည်းညူနေတတ်သည့် မာမီ့ကြောင့် မအိပ်ရသည့် ရက်က ပိုများသည်ဟု ဆိုရပေမည်။ အိမ်ပြန် အိပ်သည့် ရက်များတွင်လဲ စိတ်မချသည့် စိတ်ကြောင့် ကောင်းစွာ မအိပ်ပျော် နိုင်ခဲ့ပေ။

"တီတီတီ... တီတီတီ... တီတီတီ”

နှိုးစက် မြည်လာသံကြောင့် ဇဝန အိပ်ရာထက်မှ ထလိုက်တော့သည်။ မျက်နှာသစ် သွားတိုက်ပြီး ထမင်းစားခန်းဘက် ထွက်လာချိန်၌ စိမ့်၏ အသံသဲ့သဲ့ ကြားလိုက်ရသဖြင့် ဇဝန မျက်မှောင် ကုပ်သွား မိသည်။

သူ ဆေးရုံမှာ ရှိနေသင့်တာကို။

"နှင်းဆီ နီတွေပါလား... ”

"ဟုတ်တယ် မစိမ့်... စျေးသွားရင်း တွေ့လို့ဝယ်လာတာ ဘုရားပန်း ထိုးမလို့လေ... ပိုတာကို မစိမ့် အခန်းထဲမှာ ပန်းအိုးလေးနဲ့ ထားပေးမယ်”

"ရပါတယ် အတာရဲ့ စိမ့်က နှင်းဆီမကြိုက်ဘူး ဂန္ဓာမာ ပန်းပဲ ကြိုက်တာ”

"မစိမ့်က ဂန္ဓမာ ပန်းကိုကြိုက်တာလား...”

"ဟုတ်တယ်...”

"ဘာလို့လဲ...”

"ဒီလိုပါဘဲ... ဒီတိုင်း ဂန္ဓာမာ ပန်း ကို ကြိုက်သွားတာ ထင်ပါရဲ့”

"တကယ်က မစိမ့်က နှင်းဆီ ပန်းနဲ့ပိုလိုက်တာ ဆူးတွေ များပြီး ရဲရင့်တဲ့ ပုံလေ”

"ဒါပေမယ့် စိမ့်က နှင်းဆီတွေ ကို မုန်းတယ် တကယ်ကို မကြိုက်တတ်တာ”

"ဟုတ်ပါပြီ ဗျာ... နောက်ရက် ဂန္ဓာမာ ပန်း ဝယ်ဖြစ်မှ မစိမ့် အခန်းထဲ ဂန္ဓမာ ပန်းတွေ ပန်းအိုးထိုးပေးထားပါ့မယ်”

Crocodile Tears (Complete)Where stories live. Discover now