ကျေးဇူးတင်လွှာ💜💜💜

471 30 0
                                    

မင်္ဂလာ ရှိသော နေ့ရက်လေး ဖြစ်ပါစေဗျာ။
ဦးစွာပထမ ဒီFicလေး ဖြစ်မြောက်ဖို့အတွက် ရေမြေသဘာဝတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့်ရခဲတဲ့ ပြင်စာရွာလေးကို က အိမ်ကလေးကိုရော၊ ပိုင်ရှင်ကိုရော အထူးကျေးဇူးတင်ပါတယ်။ သစ်ပင်မျိုးစုံအကြောင်းနဲ့ ရေမြေသဘာဝအကြောင်း ပြောပြပေးတဲ့ မေမေ့ကို အထူးကျေးဇူးတင်ပါတယ်။ အပြင် လက်တွေ့ဘဝမှာ ဝိုင်ဖောက်ပြီး တိုက်တဲ့ ဖေဖေ့ကိုလဲ ကျေးဇူးတင်ပါတယ်။ မမြင်ဖူးတဲ့ အပင်နဲ့ အသီးအပွင့်မျိုးစို့ကို လေ့လာခွင့်ရခဲ့လို့ သဘာဝတရားကြီးကို ကျေးဇူးတင်ပါတယ်။ သုံးပွင်ဆိုင် ဖောက်ပြန်တဲ့ ဇာတ်လမ်း အကြောင်း ဖုန်းပြောရင်း plot ရခဲ့တာမို့ ဖုန်းပြောဖြစ်ခဲ့တဲ့ သူငယ်ချင်းကိုလဲ ကျေးဇူးတင်ပါတယ်။

ပြီးတော့ အထူးကျေးဇူးတင်ရတာက အခုထိတိုင် ယုံကြည်ပြီး အနားမှာရှိနေပေး၊ ဖတ်ပေးနေတဲ့ ချစ်သော စာဖတ်သူလေးတွေကို စိတ်ရင်းနဲ့ အထူးပဲ ကျေးဇူးတင်ပါတယ်။ နောက်ထပ်သော ဖန်တီးမှု အသစ်ဖြစ်တဲ့ One Month With Nightmare နဲ့ Misfortune 2: My General လေးကိုလဲ အားပေး ဖတ်ရှုပေးကြပါအုံးဗျာ။

စိတ်ရှိနေသမျှ၊ ဝါသနာ မကုန်သေးသမျှ ချစ်ခင်မြတ်နိုးစွာနဲ့ စာဆက်ရောဖြစ်နေအုံးမှာပါ။ မြတ်နိုးတန်ဖိုးထားရတဲ့ စာဖတ်သူလေးတွေနဲ့ အချိန်များစွာ ကြာသည့်တိုင် ဆက်လက် တွေ့ဆုံချင်ပါသေားတယ်။ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်။💜💜💜💜💜

ManieKhin

မဂၤလာ ရွိေသာ ေန႕ရက္ေလး ျဖစ္ပါေစဗ်ာ။
ဦးစြာပထမ ဒီFicေလး ျဖစ္ေျမာက္ဖို႔အတြက္ ေရေျမသဘာဝေတြကို ကိုယ္တိုင္ကိုယ္က် ေလ့လာခြင့္ရခဲတဲ့ ျပင္စာ႐ြာေလးကို က အိမ္ကေလးကိုေရာ၊ ပိုင္ရွင္ကိုေရာ အထူးေက်းဇူးတင္ပါတယ္။ သစ္ပင္မ်ိဳးစုံအေၾကာင္းနဲ႕ ေရေျမသဘာဝအေၾကာင္း ေျပာျပေပးတဲ့ ေမေမ့ကို အထူးေက်းဇူးတင္ပါတယ္။ အျပင္ လက္ေတြ႕ဘဝမွာ ဝိုင္ေဖာက္ၿပီး တိုက္တဲ့ ေဖေဖ့ကိုလဲ ေက်းဇူးတင္ပါတယ္။ မျမင္ဖူးတဲ့ အပင္နဲ႕ အသီးအပြင့္မ်ိဳးစို႔ကို ေလ့လာခြင့္ရခဲ့လို႔ သဘာဝတရားႀကီးကို ေက်းဇူးတင္ပါတယ္။ သုံးပြင္ဆိုင္ ေဖာက္ျပန္တဲ့ ဇာတ္လမ္း အေၾကာင္း ဖုန္းေျပာရင္း plot ရခဲ့တာမို႔ ဖုန္းေျပာျဖစ္ခဲ့တဲ့ သူငယ္ခ်င္းကိုလဲ ေက်းဇူးတင္ပါတယ္။

ၿပီးေတာ့ အထူးေက်းဇူးတင္ရတာက အခုထိတိုင္ ယုံၾကည္ၿပီး အနားမွာရွိေနေပး၊ ဖတ္ေပးေနတဲ့ ခ်စ္ေသာ စာဖတ္သူေလးေတြကို စိတ္ရင္းနဲ႕ အထူးပဲ ေက်းဇူးတင္ပါတယ္။ ေနာက္ထပ္ေသာ ဖန္တီးမႈ အသစ္ျဖစ္တဲ့ One Month With Nightmare နဲ႕ Misfortune 2: My General ေလးကိုလဲ အားေပး ဖတ္ရႈေပးၾကပါအုံးဗ်ာ။

စိတ္ရွိေနသမွ်၊ ဝါသနာ မကုန္ေသးသမွ် ခ်စ္ခင္ျမတ္နိုးစြာနဲ႕ စာဆက္ေရာျဖစ္ေနအုံးမွာပါ။ ျမတ္နိုးတန္ဖိုးထားရတဲ့ စာဖတ္သူေလးေတြနဲ႕ အခ်ိန္မ်ားစြာ ၾကာသည့္တိုင္ ဆက္လက္ ေတြ႕ဆုံခ်င္ပါေသားတယ္။ အားလုံးကို ေက်းဇူး အမ်ားႀကီး တင္ပါတယ္။

ManieKhin

Crocodile Tears (Complete)Where stories live. Discover now