Crocodile Tears (Part-3)

1.3K 129 21
                                    

Crocodile Tears (Part-3)

"ငါက အသက်ကြီးနေပြီလား...”

"ဗျာ.... အဲ့..အဲ့လိုသဘောမျိုးမဟုတ်..မဟုတ်ပါဘူး”

ကောင်လေးပုံစံက သူ့အမေးကြောင့် တုန်လှုပ်ကြောက်ရွံ့သွားဟန်ရှိကာ စကားများပင်ထစ် အ လျှက်။

"ကျွန်..ကျွန်တော် သတိလွတ်သွားလို့ပါ... ဆရာ့ကို ဆရာလုပ်မိလို့ တောင်းပန်ပါတယ် ဆရာ....”

အစောပိုင်းက သာလိကာတစ်ကောင်လို နှုတ်သွက်နေသည့် ကောင်လေးမှာ ချက်ခြင်းဆိုသလို အပိုးကျိုးသွားပုံကြောင့် သူ့နှုတ်ခမ်းလေး တွန့်ရုံပြုံးမိသွားကာ ထမင်းစားခန်းမှ ထထွက်လာခဲ့တော့သည်။

...............

"ဘုရားရေ....
ငါမြင်လိုက်တာ...အဟုတ်ပဲလား....
ဆရာပြုံးလိုက်တာလား....
အသက်ကြီးတယ်လို့ အထင်ခံရလို့ ဒေါသထွက်သွားခဲ့တာ မဟုတ်ဘူးလား....
ဒါပေမယ့်...ဆရာက တစ်ချက်လေးပြုံးသွားတာတော့ သေချာပါတယ်....”

အတာသည် နားမလည်နိုင်ခြင်းများစွာနှင့် တစ်ယောက်ထဲ ကျန်နေခဲ့တော့သည်။

................

ဇဝနသည်...
တောင်ဆွယ်တွင် ကွယ်လုလုဖြစ်နေသော လိမ္မော်ရောင်နေမင်းကြီးနှင့် ငေးချင့်စဖွယ်ကောင်းသော တောင်ပေါ်၏ဆည်းဆာကို ခြံဝန်းရှိ နားနေဆောင်ထဲမှ ထိုင်ကာ ငေးမောကြည့်နေမိသည်။ မြို့ပြ၏အဝေးတွင် အေးချမ်းစွာ ရှင်သန်နေသည့် ရွာငယ်လေးမှာ တောင်တန်းများကြားတွင် လှပလွန်းလိုက်ပါဘိ။

ကြည်လင်လတ်ဆတ်သော ​လေနုအေးများက ညချမ်းရောက်လာသည်နှင့် အရိုးခဲမတတ် အေးစိမ့်ခြင်းဆီတစတစနှင့် ကူးပြောင်းလာခဲ့သည်။

သိပ်ချမ်းလွန်းပါလား..ပြင်ဦးလွင်ဆောင်းရယ်....။

ဇဝန စိတ်ထဲမှ တိုးတိုးလျလျ ညည်းညူမိသည်။ ဒီလိုအချိန်မှာ...ပြင်းရှရှဝိုင်တစ်ခွက်လောက်သာ သောက်လိုက်ရရင် ဆိုသောအတွေးနှင့် မြို့ထဲဘက် ဝိုင်ထွက်ဝယ်ရန်ကြံကာ ထိုင်ရာမှထရပ်လိုက်သည်။ သူလှည့်ထွက်ရန် ပြင်လိုက်သည့်အချိန်တွင် ခပ်လှမ်းလှမ်းတိုက်အိမ်ထဲမှ ထွက်လာသောကောင်လေးကို လှမ်းမြင်လိုက်ရသည်။

Crocodile Tears (Complete)Where stories live. Discover now