Crocodile Tears ( Part -35)

524 35 6
                                    

Crocodile Tears ( Part - 35)

စင်္ကါပူမှ မြန်မာသို့ ပျံသန်းလာသည့် Flightက လေယာဥ်ပြေးလမ်းပေါ် ခြေချမိသည်နှင့် ဇဝနက မှန်တံခါး အပြင်ကို လှမ်းကြည့်ကာ ပြုံးလိုက်မိသည်။

ကိုယ်ပြန်လာပြီ ကောင်လေး။ ဒီတစ်ခါ ခွဲရတာ ရက်ပိုင်းလေး ဆိုပေမယ့် ကိုယ့်ရင်ထဲမှာ တစ်ခုခု လစ်ဟာနေသလိုပဲ ခံစားရတယ်။ ဒါဟာ အလွမ်းဆိုတာ များလား ကောင်လေးရယ်။

ရင်ခုန်ခြင်းတစ်ဝက်၊ ပျော်တစ်ဝက် ခံစားချက်က သူလိုလူအတွက်တော့ တစ်မျိုးဖြစ်နေသည်။ မျက်နှာထက်တွင် ခံစားချက်များ မပေါ်လွင်နေသလောက် သူ့ရင်ထဲတွင်တော့ နှလုံးခုန်သံများ အဆမတန် မြန်ဆန်လို့နေ၏။ မကြာခင် ကောင်လေးအား တွေ့ခွင့် ရတော့မည်လေ။

........................

လေယာဥ် ပေါ်က ဆင်းပြီးသည်နှင့် ဧည့်ကြိုနေရာတွင် ကောင်လေးကို အသင့်တွေ့လိုက်ရသဖြင့် ဇဝန နှုတ်ခမ်း တွန့်ရုံလေး ပြုံးလိုက်မိသည်။

အတာက သူ့လက်ထဲမှ အိတ်ကို လက်ပြောင်းယူလိုက်ပြီး...

"ဆရာ လေယာဥ် စီးလာရလို့ ပင်ပန်းနေမှာဆိုတော့ ဒီနေ့ ကျွန်တော်ပဲ ကားမောင်း လိုက်တော့မယ်”

ဟုဆိုကာ အိတ်ယူ၍ အရှေ့မှ အရင်ထွက်သွား ခဲ့တော့သည်။

"အဆင်ပြေတာပေါ့...”

မာမီဆေးရုံ တက်နေသည့် အတောအတွင်း သွားရေးလာရေး အဆင်ပြေစေရန် အတာ့ကို ကားမောင်း.သင်ပေးထားခဲ့သဖြင့် စိတ်ချလက်ချနှင့် ဘေးတွင် ထိုင်နေနိုင်ပြီဟု ဆိုရမည်။

ဇဝနသည် အိမ်ရောက်ရောက်ခြင်းပင် မိမိအခန်းထဲသာ တန်းဝင် သွားလိုက်သည်။ သူ့နောက်မှ အတာကလည်း အိတ်ကို သယ်လာပေးရင် လိုက်ဝင်လာသည်။ ဇဝနတစ်ချက်ပြုံးလိုက်ပြီး အတာအခန်းထဲ ရောက်လာသည်နှင့် အခန်းတံခါးကို လော့ ချလိုက်လေတော့၏။

"ဂျောက်...”

"ဆ... ဆရာ...”

အတာက ဇဝန တံခါးကို လော့ချ လိုက်သည့်အတွက် အနေခက်သည့် ပုံစံ ဖြစ်သွားခဲ့ရသည်။ ဇဝန က အတာ့လက်ထဲမှ အိတ်ကို ဆွဲ ယူ၍ ကြမ်းပြင်ပေါ် ပြစ်ချလိုက်ကာ အတာ့အား ရင်ခွင်ထဲ ဆွဲသွင်း၍ ဖက်ထားလိုက်လေတော့၏။

Crocodile Tears (Complete)Where stories live. Discover now