Crocodile Tears ( Part - 32)

458 46 4
                                    

Crocodile Tears ( Part - 32)

အတာ ဇပန အခမ်းအနား အတွက် နှင်းဆီ နီများကို ဝယ်ယူပြီး အိမ်ကို ပြန်လာခဲ့တော့ ဧည့်ခန်း ဆိုဖာ ပေါ်တွင် ကွေးကွေးလေး အိပ်ပျော်နေသည့် စိမ့် ကို တွေ့လိုက်ရသည်။

အတာက နှင်းဆီ ပန်းထုံးကြီးအား စားပွဲပေါ် တင်လိုက်ပြီးနောက် စိမ့်၏ အနားသို့ သွားလိုက်လေသည်။ ခြုံထားသည့် စောင်ပါးစလေးသည် ကြမ်းပြင်ထက် ပြုတ်ကျနေသည်မို့ ကောက်ယူလိုက်ကာ စိမ့်ကို ခြုံလွှားပေးလိုက်ရင်း အိပ်ပျော်နေသည့် သူမအား ငေး ကြည့်နေမိလေသည်။

"သဘောကျ နေမိလို့ လို့ ပြောရင်ရော...”

သူ့နားထဲ မစိမ့် ပြောခဲ့သည့် စကားများ ပြန်လည် ကြားယောင် လာကာ သက်ပြင်း တစ်ချက် ချလိုက်လေသည်။ ထို့နောက် ထိုနေရာမှ ထလိုက်သည့်အခါ မစိမ့်၏ လက်တစ်ဖက်က သူ့ လက်ကို လှမ်းဆွဲလိုက်သဖြင့် သူ့ခြေလှမ်းများ ရပ်တန့် သွားရလေသည်။

"အတာ...”

"ဟုတ်ကဲ့...”

"နေလို့မကောင်းဘူးဟာ”

"ဖျားနေလို့လား... မစိမ့်...”

"မသိတော့ပါဘူး ခေါင်းတွေ မူးနေတယ် ကိုယ်ပူလား စမ်း ကြည့်ပေးပါလား”

စိမ့်က ထိုသို့ ဆိုလိုက်ပြီး လှဲနေရာမှ ထ ထိုင်လိုက်လေ၏။ အတာလည်း သူမ ၏ နဖူးကို လက်ခုံနှင့် ထိကြည့် လိုက်သည်။

"နွေးရုံလေးပါ ဆေး သောက် လိုက်ရင် ပျောက်သွားလိမ့်မယ် ထင်တယ်... တစ်ခုခု စားဖို့ ကျွန်တော် လုပ်ပေးမယ် ”

"နေ... နေ... ငါ့ဖာသာ လုပ်မယ်”

စိမ့်က အတာ့ လက်ကို ဆွဲထားသည့် လက်များကို မလွှတ်ပေးသေးပဲ ထိုလက်များကို အားယူ၍ ထရပ်လိုက်သည်။ ထိုအချိန်တွင် သူမ ၏ အားယူ ထလိုက်မှုကြောင့် အတာ့ကိုယ်က ယိုင်နဲ့သွားလေသည်။ သူမကလည်း အတာ့ကို အမှီပြု၍ ထရပ်လိုက်သည်မို့ သူမကိုယ်တိုင် ယိုင်နဲ့ သွားကာ အတာ့ ရင်ခွင်ထဲ လဲပြိုသွားလေတော့၏။

"အ...”

အတာက သူမလက်တစ်ဖက်ကို ဆုပ်ကိုင် ထားလိုက်ပြီး လဲ ပြိုကျလာသည့် စိမ့်၏ ခါးတစ်ဖက်ကို လှမ်း ထိန်းထား ပေးလိုက်သည်။
စိမ့်က ဝိုင်းစက်သည့် မျက်ဝန်းများဖြင့် အတာ့ရင်ခွင် ထဲမှ မော့ကြည့်လိုက်သလို၊ အတာကလည်း ငုံ့အကြည့်မို့ နှစ်ဦးသား မျက်လုံးချင်း အတန်ကြာ ဆုံနေမိကြတော့၏။

Crocodile Tears (Complete)Where stories live. Discover now