Crocodile Tears ( Part - 28)

505 54 7
                                    

Crocodile Tears ( Part - 28)

"Humm... Humm... Humm...”

စိမ့် သီချင်းတအေးအေးနှင့် အခန်းထဲမှ ထွက်လာချိန် ဇဝနလည်း သူ့အခန်းထဲမှ ထွက်လာချိန်နှင့် တိုက်ဆိုင် သွားခဲ့သဖြင့် စိမ့်က ဦးစွာ နှုတ်ဆက် လိုက်လေသည်။

"မောနင်း ဆရာ...”

"အင်း...”

ဇဝနက စကားအပို မဆိုပဲ ခေါင်းငြိမ့် ပြလိုက်ကာ ထမင်းစားခန်းဘက် လျှောက်သွားခဲ့တော့သည်။ စိမ့်က ညည်း လက်စ သီချင်းကို ဆက်မဉ်းဖြစ်တော့ပဲ ဇဝန နောက်သို့ ကုပ်ကုပ်ကလေး လိုက်သွားခဲ့၏။

ဇဝနက ထမင်းစား စားပွဲတင် တင်ထားသည့် ရေတကောင်းမှ ရေတစ်ခွက်ကို ငှဲ့သောက်လိုက်ကာ စိမ့်အား လှည့်မကြည့်ပဲ ပြောလိုက်သည်။

"ေကာင်လေး မရှိလို့ မနက်စာ ဘာမှမရှိဘူး ”

"ဟုတ်... စိမ့် လုပ်ပေးရမလား ဆရာ ဘာစားချင်လဲ”

"မလိုဘူး... ကောင်လေး ပြင်တဲ့ မနက်စာ စားရတာကို အသားကျနေပြီ... မင်းစားချင်တာ မင်းဖာသာ လုပ်စားလိုက်”

"ဟုတ်ကဲ့...”

ဇဝနက ထိုသို့ ပြောလိုက်ပြီး ထမင်းစားခန်းမှ ထွက်သွားလေသည်။ အခန်းဝ ရောက်မှ တစ်ခုခုကို သတိရသွားကာ စိမ့်အား...

"အော...ခဏနေ ဆေးရုံသွားဖို့အတွက် ပြင်ထားလိုက်အုံး... ”

"ဆေးရုံ ဘာလို့လဲ”

"ဒီနေ့ မာမီ ဆေးသွင်းရမှာ ချွေးမတစ်ယောက်အနေနဲ့ မာမီ့နားမှာ နေပေးဖို့ ဆန္ဒ မရှိဘူးလား”

"အာ.. ဟုတ်သားပဲ စိမ့် မေ့သွားလို့ပါ...”

"မနက်စာက ဘာစားမှာလဲ အချိန်ကြာလို့ မရဘူး ညအိပ်စောင့်ထားတဲ့ ကောင်လေးက ဗိုက်ဆာနေမှာ ဆိုးလို့...”

"နည်းနည်းတော့ အချိန်ယူရမှာပေါ့ ဆရာရဲ့...”

"ကြာလို့ မဖြစ်ဘူး...”

ဇဝနက ကြာ၍ မရကြောင်း ပြောပြီးနောက် နံရံကပ် ဗီရို ထဲမှ ပေါင်မုန့် ထုတ်အား ထုတ်၍ စိမ့်ကို လှမ်းပေးလိုက်လေသည်။

"ဒါပဲ စားလိုက် အချိန်မရဘူး”

စိမ့်က အီလည်လည် မျက်နှာဖြင့် ဇဝန လှမ်းပေးသည့် ပေါင်မုန့် ထုတ်ကို ယူလိုက်ရတော့သည်။

Crocodile Tears (Complete)Where stories live. Discover now