Part 2(18/6/Fri)

15.6K 1.2K 9
                                    

ရက် 30။
ရိုးရိုးရှင်းရှင်းပြောရရင် Xiao Zhanသတိမေ့နေတာတစ်လတိတိရှိပြီ။

Xiao Zhanရဲ့ဘဝက မြင်သာမြင် မဝင်ရတဲ့ဘဝ။
ကိုယ့်ခန္ဓာကိုယ်ကြီးက ကိုယ့်အရှေ့မှာလှဲနေပေမဲ့
ဘားမှလုပ်လို့မရဘူး။

Xiao Zhanကပျင်းရင် သူ့ယောကျာ်းအခန်းထဲ
သွားပတ်ကြည့်တယ် ။ ဟိုတစ်ဘူး ဒီတစ်ဘူး ဘီယာခွံတွေ ဟိုတစ်ထည် ဒီတစ်ထည် တွဲလောင်းကျနေတဲ့ အတွင်းခံတွေ ၊ ကြမ်းပြင်မှာပြန့်ကြဲနေတဲ့ ရှပ်အင်ကျီတွေ ၊ ဒီနောက်ပိုင်းWang Yiboအခန်းက ပိုပိုပြီး စုတ်ပဲ့လာနေပြီ။ အိမ်ထိန်းတွေကိုလည်း အဲ့ကောင်က သူ့အခန်းထဲ ဝင်တာမကြိုက်ဘူး ။ Wang Yiboအခန်းထဲဇွတ်တရွတ်ဝင်တာဆိုလို့ Xiao Zhanတစ်ယောက်ဘဲရှိတယ် လူဘဲဖြစ်ဖြစ် ဝိညာဉ်ဘဲဖြစ်ဖြစ်။

ကြာလာတော့လည်း ဝိညာဉ်ဘဝကြီးက ပျင်းဖို့
ကောင်းလာနေပြီ ၊ လူဖြစ်တုန်းကတောင် Wang Yiboနဲ့ ရန်ဖြစ်နေလို့ရသေးတယ်။

ငယ်ငယ်တုန်းကကြည့်တဲ့ဇာတ်ကားတွေထဲမှာဆို...
မင်းသားကခန္ဓာကိုယ်ထဲက ဝိညာဉ်ထွက်သွား၊
ပြီးရင်တော့ ရုပ်ဆိုးဆိုသရဲတွေကိုမြင်  ၊ သူကတော့ ဝိညာဉ်လောကမှာ Kingကြီးပေါ့၊ နောက်တော့ ကယ်တင်ရှင် မင်းသမီးနဲ့တွေ့ အဲ့မှာခန္ဓာကိုယ်ထဲပြန်ဝင်ဖို့ အမျိုးမျိုးကြိုးစား၊ ဟော အဆင်ပြေသွားတော့ မင်းသမီးလေးနဲ့ညား အဆင်ကိုပြေလို့။

ဒါပေမဲ့ Xiao Zhanကတော့ အဲ့လိုမဟုတ်ပါဘူး။ ကယ်တင်ရှင် မင်းသမီးနဲ့မတွေ့သလို မင်းသားနဲ့လည်းမတွေ့ပါဘူး ။ နောက်ပြီး ဝိညာဉ်လောကမှာ Kingလည်းမဖြစ်ပါဘူး  ။ ဘယ်မှလည်းသွားလို့မရ ဘယ်ရုပ်ဆိုးဆိုးသရဲကိုမှလည်း မမြင်ရ ၊ အင်း ဒါတော့တစ်ခုကောင်းတယ် Xiao Zhanက သရဲကြောက်တတ်တယ်။

တော်တော်ကြီးတဲ့အိမ်ကြီးထဲမှာဘဲ အပေါ်တက်လိုက်အောက်ဆင်းလိုက် လုပ်နေရတယ် ။ အရင်တုန်းက အိမ်မှာ ဘယ်နေရာမှာဘာရှိတယ်ဆိုတာ မသိတဲ့XiaoZhanက အခုတော့ နေရာကိုစုံလို့ ၊ လှေကားများပြီးအခန်းပေါတဲ့ အိမ်ကြီးထဲမှာ ဘယ်ကိုသွားရင် ဘယ်ကိုရောက် ၊ ဟိုအပေါက်ကဝင်ရင် ဒီအပေါက်ထွက် ၊ ဘယ်သူတွေက ဘယ်နေရာမှာချိန်းတွေ့ကြတာ၊ ဒီအချိန်ဆို ဘယ်အခန်းမှာဘယ်လိုအသံတွေထွက်နေတယ် စသည်ပေါ့ အဲ့ဒီလိုကို ခရေတွင်းကျ  အကုန်သိနေပြီ။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now