Part 21(8/8/Sun)

7.4K 769 10
                                    

နေသာတဲ့ နေ့တစ်နေ့မှာ Wang Yiboနဲ့ Xiao Zhanတို့ Yibo အမားအိမ်ကို ပြောင်းလာခဲ့ကြတယ်။

အစိမ်းရောင်တွေ ပြည့်နှက်နေတဲ့ အခန်းမှာ အခုတော့ လူတစ်ယောက်ထပ်တိုးလာပြီ၊

မိသားစု ထမင်းဝိုင်းကလည်း ထိုနည်း၎င်း၊

ဒီမှာ Xiao Zhan အတွေးကို ပြောရမယ်ဆိုရင်တော့ Xiao Zhan အတွက် ယောက္ခမနဲ့  တစ်အိမ်ထဲနေရတာက  သိပ်တော့ မဆိုးလှပါဘူး၊ တစ်ချက် တစ်ချက် အကြည့်ချင်း ခလုတ်တိုက်မိတာက လွဲလို့ အားလုံး အဆင်ပြေပါတယ်။

Xiao Zhan ယောကျာ်း Wang Yiboက အခုဆိုရင် သူ့အပါးရဲ့ အလုပ်အားလုံးကို ဆက်ခံလိုက်ပြီ၊

ဆိုတော့ကား အိမ်မှာ ရှိနေတာက Xiao Zhanရယ် ယောက္ခထီးရယ် ၊ ယောက္ခမရယ်၊

Yibo အပါးကတော့ Xiao Zhan အပေါ်ထားတဲ့အမြင်က ကောင်းတယ်ပြောရမယ်၊ အရင်တစ်ခေါက်က ဟန်နီးမွန်းအတွက်တောင် ခရီးစီစဉ်ပေးသေးတယ်လေ၊ Yibo မားကတော့ Xiao Zhanကို မရှိသလို သဘောထားထားတဲပုံ၊ ဒါက  ဘာနဲ့တူလဲဆိုတော့ drama ကားတွေထဲက အန်တီကြီးတွေနဲ့ မတူဘူးလား၊ အဆုံးသတ်ကျ Xiao Zhan အိမ်က ထွက်သွားရမယ်လို့ တထစ်ချ ယုံကြည်ထားကြောင်း သူမရဲ့ လှပတဲ့ အပြုံးတွေက ဖော်ကျူးနေတယ်။

သူမက ကြာပန်းဖြူ  Character ကို သိပ်ကြိုက်နေတယ်ထင်ပါရဲ့။

ဒါပေမဲ့ Xiao Zhan မှာ အားလုံးကို ချုပ်ကိုင်နိုင်တဲ့ ကြိုးကြီးကြီး တစ်ချောင်းရှိလာနေပြီ၊

အဟက် ငါ Xiao Zhanက ငါ့ကို လာမထိသရွေ့ သဘောထားကြီးစွာ ငြိမ်နေပေးတတ်ပါတယ်။

ဆိုပေမဲ့ ကြိုတင်ပြင်ဆင်မှုလေးတွေတော့ လုပ်သင့်ရင် လုပ်ထားရမှာဘဲ။

.....

.....

"သား ဒီည ပြန်လာမှာလား"

ထမင်းစားပြီးတော့ Yibo ပါးက စကားစလာတယ်။

"အမ်၊ မပြန်လာဖြစ်ဘူး၊ ပစ္စည်းတွေ ပို့စရာရှိတယ် ပါး"

Xiao Zhanကို သောက်ရေ လှမ်းပေးရင်း Yibo က သူ့ပါးကို ပြန်ဖြေတယ်။

"ခင်များ ရေများများ သောက်သင့်တယ်"

"Xiao Zhan နေမကောင်းလို့လား"

Yibo ပြောတော့ Xiao Zhan ယောက္ခမက အမေးရှိ၏။ ဒါ ကောင်းသောမေးချင်းမဟုတ်မှန်း Yibo ပါးနဲ့ Xiao Zhanက သတိထားမိတယ်။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now