Part 30(5/9/Sun)

6.4K 554 24
                                    


________I'm back.

Underware- အတွင်းခံ။
Jet- ဂျက်လေယာဉ်။
Operation- ခွဲစိတ်ခန်း။

________I'm back.

'Zhan ငြိမ်ငြိမ်ထိုင်နေနော် ၊ ကျွန်တော် ခြေသည်းညှပ်ပေးမယ်"

9 months.[ February ]

Xiao Zhan ဗိုက် လုံးလုံးလေးက 9 လထဲ ဝင်လာခဲ့ပြီ ။

နောက်တစ်လဆို Baby ပုစိလေးက အပြင်ထွက်လာတော့မည် ဖြစ်သည်။

"Zhan ခင်များ ခြေထောက်တွေ ဖောင်းနေတယ် ၊ အဆင်ပြေရဲ့လားဗျာ "

Xiao Zhan ခြေဖမိုးကို လက်ဖြင့် ခပ်ဖွဖွ ထိရင်း Yibo မေးမိသည်။

"မွေးခါနီး မို့လို့ပါ ငါ့ယောကျာ်းရ ၊ အရမ်း စိတ်မပူနဲ့ "

အပြုံးနဲ့ ဖြေနေတဲ့ Xiao Zhan စကားအား Yibo Reply မပြန်ဖြစ်ပါ။ခေါင်းဆက်ပြရုံသာ တတ်နိုင်သည်။

သူဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်ပါ့မလဲ?

normal ကိုယ်ဝန်ဆောင်အမျိုးသမီး တွေတောင် မွေးခါနီး အခက်အခဲတွေ ကြုံတွေ့ရတတ်သေးတယ် မဟုတ်ပါလား။

ယောကျာ်းလေး ကိုယ်ဝန်ဆောင် ဖြစ်တဲ့ သူ့ လူကြီးကို Yibo တကယ် စိတ်ပူမိပါသည်။

ဘယ်လောက်ဘဲ strong ဖြစ်နေပါစေအုံး ၊ ကိုယ်ဝန်ဆောင်နေစဉ် အတောအတွင်းမှာတော့ စိတ်အားငယ်တတ်ကြသည်ဟု ပါးပြောလို့ Yibo သိရသည်။

"အများကြီး မတွေးနဲ့ Yibo ၊ ငါတကယ် အဆင်ပြေတယ်၊ မင်းက ငါ့ကို ဖူးဖူးမှုတ်ထားမှတော့ ဘာဖြစ်စရာ အကြောင်းရှိအုံးမှာလဲ ဟ ဟ "

မျက်နှာမကောင်းတဲ့ ချစ်ရသူ၏ နှာခေါင်းလုံးလုံးလေးအား အားရပါးရ ဆွဲညစ်ကာ ပြေရာပြေကြောင်း ပြောလ်ုက်တော့ Xiao Zhanအား မော့ကြည့်လာတဲ့ မျက်ဝန်းတစ်စုံမှာ မျက်ရည်စတွေ ရစ်ဝိုင်းနေသည်။

အော် ဝမ်းနည်းတတ်ရန်ကော ငါ့ယောကျာ်းရယ်။

"ဝေ့ ငိုတော့မလို့လား 6နှစ်သားလေးက "

"မသိဘူးဗျာ ၊ ကျွန်တော် တကယ် ငိုချင်နေတာ "

"မင်းကတော့ "

ခြောက်နှစ်သားလေး၏ ရစ်ဝိုင်းနေတဲ့ မျက်ရည်စတွေကို Xiao Zhan လက်မနဲ့ ဖိသုတ်ပေးဖြစ်သည်။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now