Part 11(24/7/Sat)

9.9K 960 15
                                    

ပြက္ခဒိန်မှာ ဒီနေ့က 5ရက်နေ့ဆိုတာ ညွှန်ပြနေလျက်...,(~ _ ~)

"ကိုကို မောင့်ကို ဆော့စ်ဘူးလေးလှမ်းပေးပါအုံး"

"ဒါထင်တယ် ဟုတ်လား မောင်"

တီရှပ်အဖြူလေးနဲ့မို့ ဖြူတဲ့အသားအရေက ပိုပြီးလိုက်ဖက်နေတယ်, အကြောစိမ်းလေးတွေထောင်နေတဲ့ ဖြူသွယ်တဲ့ လက်တစ်စုံက ဆော့ဘူးအနီလေးကို ကိုင်ကာ မျက်လုံးလေးဝင့်လို့ မေးလာတဲ့ ကိုကိုဟာ အရင်တုန်းက Wang Yibo ခေါင်းကိုခွဲဖူးတဲ့ လူဆိုတာ Fanတွေက သိပ်တောင်မယုံချင်တော့ဘူး...,

......

Com 1. God!! ဒါ Xiao Xiao Zhan အစစ်မဟုတ်ဘူး:

Com 2. ဟဲ့ ကိုကိုတဲ့ဟေ့, အရင်တုန်းက Xiao Zhan နဲ့ထိပ်တိုက်တွေ့ရင် ထိုးကြိတ်ကြတဲ့ Wang က ဘယ်ရောက်သွားပြီတုန်း!!!

Com 3. အမလေးလေး ကမ္ဘာကြီးက သာယာလိုက်တာ အဟိ;

Com 4. ငါကိုယ်တိုင်ကြားလိုက်ရလို့သာ, နို့မို့ဆိုမယုံဘူး:3

Com 5. မလောကြပါနဲ့ ဖြေးဖြေးလောင်ကြပါ အခုမှ အစဘဲရှိပါသေးတယ် အရပ်ကတော်တို့ !!

Com 6. What!! ကိုကို!!

........

အခု Wang စုံတွဲ ရောက်နေတဲ့နေရာက ဟင်းချက်Program တစ်ခု, ဒီအစီအစဉ်က Liveပါ တစ်ခါတည်းတွဲလွင့်တော့ ကြည့်ရှု့သူတွေ တန်းခနဲ ခွေးစာ စားရတာပေါ့။

အရင်တုန်းက ကြည့်ရှုသူက ဥပမာ တစ်သန်းရှိရင် လက်ရှိ ကြည့်ရှုသူက ငါးသန်း, Program ထုတ်လွင့်တဲ့သူဌေးမျက်နှာက အပြုံးတွေဝေဆာနေတယ်။ Wang စုံတွဲအစွမ်းအံ့မခန်းပါလား ဟ ဟ,

ဒါက သူတို့အစီအစဉ်ရဲ့ ပထမဆုံးသော လ်င်တူလက်ထပ်ထားတဲ့ အမျိုးသားနှစ်ယောက်ကို ကမ်းလှမ်းဖူးခြင်းဖြစ်သည်။ ကြားရတဲ့ သတင်းတွေကို သူကတော့မယုံဘူး, ဒီကောင်လေးနှစ်ယောက်က ကြည့်ရုံနဲ့ တစ်ယောက်နဲ့ တစ်ယောက် ချစ်မှန်း သိသာနေတာကို။

.....

"အာ မောင့်ရဲ့ ဧပရွန်က စောင်းနေတယ် အနားတိုးခဲ့ ကိုကိုပြန်ချည်ပေးမယ်"

Xiao Zhan ခေါ်တော့ အမျိုးသားဖြစ်သူက ပြုံးရိပ်သန်းတဲ့ မျက်နှာနဲ့ အနားကိုတိုးလာတယ်။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now