Part 6 (14//7//Wed)

11.6K 1.1K 33
                                    

အလုပ်ပြီးတော့ ညနေစောင်းနေပြီ။ Wang Yibo နားနေခန်းထဲ ဝင်လာခဲ့လိုက်တယ်။ Xiao Zhan ထိုလူပြန်သွားလောက်ပြီးလား။ အဲ့လိုတွေးမိတာလည်း သူ့အမှားမဟုတ်ဘူး Xiao Zhanက သူ့ဆီလာရင်သာ လူသိရှင်ကြားလာပြီး ပြန်ရင်တော့ အငွေ့လိုဘဲ လစ်ခနဲ ပျောက်သွားတတ်တာ။ သူ့ဆီလာတဲ့ အခေါက်ရေများကြီးထဲမှာ ဒီတစ်ခေါက်က ပထမဆုံး ကောင်းသောလာခြင်းလို့ ပြောလို့ရတယ်။

ဂွမ်းဆောင်အပါးရဲ့ အောက်မှာ မျက်နှာလေးတစ်ခုတည်းကွက်ဖော်လို့ အိပ်နေတဲ့ ထိုလူသား။ အပြစ်ကင်းစင်ပြီး ထွေးပွေ့လို့ ရင်ခွင်ထဲထည့်ထားချင်စရာကောင်းတဲ့မျက်နှာလေးနဲ့။

Wang Yiboတစ်ခနတော့ တုံ့ဆိုင်းသွားတယ်။

အပြင်မှာ မိုးတွေ တအုံ့အုံ့ ရွာချနေတယ်။ တစ်ချက်တစ်ချက်  မိုးခြိမ်းသံတွေ ထွက်ပေါ်နေလျက်။

Wang Yibo သူတွေးမိတယ် Xiao Zhanနှုတ်ခမ်းကို မနမ်းတာတောင် တစ်ပတ်ကျော်နေပြီဘဲ။

"ခင်များ ပြောင်းလဲဖို့ ကြိုးစားနေတာလား Xiao Zhan ဒါမှမဟုတ် ပြောင်းလဲသွားတာလား"။ ဒါက သူစိတ်ထဲက မေးကြည့်နေတာ။ အပြင်မှာတော့ ထုတ်မမေးဖြစ်ဘူး ထိုလူသားက မျက်လုံးဖွင့်နေပြီလေ။

"အာ မောင် အလုပ်ပြီးသွားပြီလား ငါတရေးနိုးသေးတယ်ရယ် မိုးတွေက တအုံ့အုံ့ရွာနေတာနဲ့ ပြန်အိပ်ပျော်သွားတာ"

"ခင်များ ဒါကို အရင်ကြည့်လိုက်"

"ဘာလို့"

Xiao Zhanမေးတော့ Wang Yiboက ဖုန်းကို မျက်နှာရှေ့ထိုးပေးတယ်။

"ဒါတွေက "

Xiao Zhan innocence မျက်နှာနဲ့ Wang Yiboကို ကြည့်လိုက်တယ်။ အမှန်တော့ ဒါတွေသူမသိတာမဟုတ်ဘူး ။ ဒီလိုဖြစ်လာအောင် သေချာရည်ရွယ်ထားတဲ့သူက သူကိုယ်တိုက်ဘဲလေ။ ဒါပေမဲ့ Wang Yiboရှေ့မှာတော့ ယုန်ဖြူလေးလို ခနဟန်ဆောင်လိုက်အုံးမယ်။

"ခင်များ ဘယ်လိုဖြေရှင်းမယ် စဉ်းစားထားလဲ ဒီလိုဖြစ်မယ်ဆိုတာ အစောကတည်းက ခင်များသိပြီးသားဘဲ"

Wang Yiboက စောင်ပုံထဲမှာ အပြစ်ကင်းဖွယ် မျက်နှာလေးနဲ့ ချစ်စဖွယ်ထိုင်နေတဲ့ Xiao Zhanကို မျက်ခုံးပင့်ပြီး မေးလာတယ်။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now