Part 4(25/6/fri)

12.9K 1.3K 23
                                    

Xiao Zhan ပြန်သတိရလာပြီဆိုတဲ့ သတင်းကသတင်းစာတွေထဲ ဟိုလေးတကျော်ကျော်။

အိမ်ထိန်း/အိမ်စေ/driver ထိုလူတွေကတွေးတယ် သူတို့ရဲ့အေးချမ်းတဲ့နေ့ရက်တွေ သဂြိုလ်ခံလိုက်ရပြီ

Social media တွေရဲ့ ခေါင်းစည်းပိုင်းမှာဆို Titleက ငါတို့ရဲ့  ရန်သူတော် ပြန်ရောက်လာခြင်းတဲ့  ဒီခေါင်းစဉ်ကိုတွေ့တုန်းက Xiao Zhan တဟားဟား အော်ရီမိတယ် Postတင်တဲ့သူကWang Yiboရဲ့ fangirlလေးတွေထဲကဖြစ်မယ် တစ်ခါတုန်းက Xiao Zhan ပန်းအိုးနဲ့ ကောက်ထုလိုက်လို့ Wang Yibo ခေါင်းကွဲဖူးတယ် အဲ့လိုဖြစ်ခြင်းထဲမှာ Xiao Zhanအမှားမပါဘူး ရှောင်လို့ရရဲ့သားနဲ့ မရှောင်တဲ့သူရဲ့မဟာအမှား  လက်မရွံ့တဲ့သူကို လာပြီးစိန်မခေါ်သင့်ဘူး ဒါပေမဲ့ Xiao Zhanဆေးထည့်ပေးလိုက်ပါသေးတယ်

Xiao Zhan သတိရလာပြီဆိုတဲ့သတင်းကိုကြားတုန်းက Wang Yiboထက် အခြေအနေပိုဆိုးတဲ့ လူတစ်ယောက် Xiao Zhanဆီရောက်လာသေးတယ် ထိုလူက Xiao Zhanကို ဆေးကုပေးတဲ့ ဒေါက်တာ

ဒေါက်တာကအတွေးယာဉ်ကျောထဲမှာနစ်နေတယ် သူအေခါက်ခေါက်အခါခါစစ်ဆေးအတည်ပြုပြီးမှ Xiao Zhan အသက်မရှိတော့တဲ့အကြောင်း Wang Yiboကို အသိပေးတာပါ သူခရီးသွားနေတဲ့တစ်ပတာအတွင်း ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ အို ဘုရားရေ သူဖတ်ဖူးတဲ့ဝထ္တုထဲကလို Xiao Zhanက Second chance ရသွားတာလား ဒါကြီးက တကယ်ကြီးရှိနေခဲ့တာလား

Xiao Zhan သတိရလာတာ တစ်ပတ်ပြည့်ပြီ ထိုနေ့မှ Xiao Zhanက အိမ်အောက်ထပ်ကို ဆင်းလာတာ အရင်အတိုင်း မပြောင်းလဲဘူး ဘာကိုမှဂရုမစိုက်တဲ့ မျက်နှာနဲ့ သို့သော် အသားအရည်က နည်းနည်းဖျော့နေတယ်

Xiao Zhan နံနက်စာ စာပွဲဝိုင်းမှာဝင်ထိုင်တယ် အရင်ရောက်နှင့်နေတဲ့ Wang Yiboက Xiao Zhanကိုစိုက်ကြည့်တယ် ဘေးမှာခစားနေတဲ့ အိမ်ထိန်းကြီးနဲ့အစေခံတွေက သူတို့နှစ်ယောက်ဘယ်ချိန်ထသတ်မလဲဆိုပြီး ရင်တထိပ်ထိပ်နဲ့ ကြည့်နေကြတယ်

ဒီအရှိန်အဝါကြီးတဲ့လူနှစ်ယောက်ဆုံရင် ရန်မဖြစ်တဲ့ရက် သူတို့ဘဝမှာ မရှိဖူးဘူး

"အကုန်ထွက်သွားကြ မနက်စာနှစ်ယောက်ထဲစားချင်တယ်"

အေးစက်စက်အမိန့်သံ
သူတို့မထင်ထားတာကို Xiao Zhanက ပြောလာတယ် ရပ်ကြည့်နေတဲ့ အစေခံတွေကို အိမ်ထိန်းက တွတ်တိုးတယ် အဲ့ကြမှ သူတို့တွေအသိဝင်လာကြတာ ဘယ်လိုသတ္တိမျိုးနဲ့ သခင်လေးအမိန့်ကို ဆန့်ကျင်ရဲတာတုန်း ဒီလိုအချိန် မဟုတ်ဘူး ဘယ်အချိန်ဖြစ်ဖြစ် ထမင်းအိုးမကွဲချင်သေးဘူး အနေမချောင်ပေမဲ့ အစားချောင်တယ် ငွေကို လူလတ်တန်းစားတန်းတူ သုံးနိုင်တယ် လစာက ရှယ်ပေးထားတာ

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now