Part 14(28/7/Fri)

8.8K 870 10
                                    

"ငါ့သားငယ် တစ်နေရာရာကို ထွက်သွားပြီ Xiao Zhan"

တစ်ဖက်ကလူရဲ့ အသံက ဆို့နစ်နစ်။

အရင်လို စိတ်နဲ့သာဆို Xiao Zhan ဖုန်းကို ပစ်ပေါက်မိမှာ, ဒါပေမဲ့ အခုတော့ မတူတော့ဘူး။

"Mr.ရှောင်ဝိန် နောက်တစ်ခါဆို ဖုန်းမဆက်ပါနဲ့ ယောက္ခထီးဆိုပြီး ထိုင်ကြည့်နေမဲ့ထဲ ကျွန်တော်မပါဘူး"

Xiao Zhan ဆီက ဖုန်းကိုဆွဲယူလို့ Wang Yibo ခပ်ပြတ်ပြတ်ပြောလိုက်သည်။ ပြီးတော့ အဝေးကိုငေးနေတဲ့ Xiao Zhanလက်ကို ဆုပ်ထွေးပေးမိတယ်။ ထိုလူသားလေး နာကျင်ရတာများနေပြီ။

"ခင်များဆီမှာ ကျွန်တော်ရှိတယ် Zhan"

"အဲ့ဒီလူက ငါ့ကိုသားလို့ တစ်ခါတောင်ခေါ်ခဲ့ဖူးရဲ့လား ငါမမှတ်မိတော့ဘူး ဟက်..., ငါလည်းအကြိမ်ကြိမ်ထွက်ပြေးဖူးပါတယ် ဒါပေမဲ့ သူတစ်ခါမှ ဝမ်းနည်းမပေးခဲ့ဘူး Yibo"

"ငိုချင်ရင် ငိုချလိုက် ကျွန်တော့်ရှေ့မှာ ဟန်ဆောင်စရာမလိုဘူး"

ဒီလိုပြောတော့ Xiao Zhanက ခေါင်းယမ်းတယ်။

သူလ်ုချင်ခဲ့ဖူးတယ်, သူ့ကို အခုလိုပြောပေးမဲ့ လူတစ်ယောက်လေးဘဲ, အခုတော့ ရှိလာခဲ့ပြီလေ, သူဝမ်းနည်းနေရမဲ့အစား ပျော်တောင်ပျော်ပါသေးတယ်။

"စိတ်ကောက်ပြေသွားပြီလား ကလေးလေး"

အပြုံးယဲ့ယဲ့နဲ့ Xiao Zhan စကားလမ်းကြောင်းလွှဲတယ်။

အရေးမပါတော့တာတွေအတွက် အရင်လို အချိန်အကုန်မခံချင်ဘူး။

"နောက်တစ်ခါရှိလာခဲ့ရင် ကျွန်တော့်ပစ်မှတ်က ခင်များ အဖေဖြစ်မယ်ထင်တယ် "

ဟက် , လူလည်ကောင် စကားလမ်းကြောင်းအလွှဲမခံဘူး။

"ဒါမျိုးက မနောက်ကောင်းဘူးလေ ကလေးရ"

"ကျွန်တော်တကယ်ပြောနေတာ, မနေ့က အပါးဖုန်းဆက်လာတယ်, သူ့ဆီကို ဘယ်တော့လာဖို့ စဉ်းစားထားလဲ မေးနေတယ်"

"ငါ့က်ု ခွဲနိုင်တယ်ပေါ့"

Xiao Zhanက Yibo ကိုယ်ပေါ် မျောက်ကလေးလို ခုန်အုပ်လို့ စတယ်။

"ဘယ်သူက ထားခဲ့မယ်ပြောနေလို့လဲ ခေါ်သွားမှာ တစ်ခါတည်း "

ပြုတ်မကျအောင် ပြန်ပွေ့ဖက်လို့ Yibo က ဆိုတယ်။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now