Part 32(12/9/Sun)

10.4K 658 46
                                    

Final

"You are my everything".

စာသားက ရိုးရှင်းလှသည်။

"မင်းက ကိုယ့်ရဲ့ အရာရာဘဲ"။

________I'm back.

"ယောကျာ်း မင်းဆိုင်ကယ်က ငါတို့သားအဖ ဒီကနေ့ စီးရအုံးမှာလား!!"

အိမ်နောက်ဘက်က ဆိုင်ကယ်သွားထုတ်လိုက်အုံးမယ် ဆိုပြီး ဝင်သွားတာ 5မိနစ်လောက် ရှိပြီ ဖြစ်တာကြောင့် Xiao Zhan စိတ်မရှည်စွာ အော်မေးလိုက်သည်။

ဒီကောင် ဘာလုပ်နေမှန်း မသိဘူး ။ babyတောင် တဝါးဝါးး အာသန်းနေပြီ။

"လာပြီ ၊ ကိုယ် လာပြီ ၊ အားလုံး ဘေးကို ဘေးကို ၊ baby တီ! တီ! "

ဘက်ထရီ ဆိုင်ကယ် အဖြူရောင်ကို အိမ်နောက်ဘက်ကနေ မောင်းထွက်လာသည့် Wang Yibo၊

ဆိုင်ကယ် ဟွန်းတီးပြီး သူ့သားကို တတီတီဖြင့် စကောဝိုက်သလို လိုက်စနေသည်။

သားဖြစ်သူ Wang ပေါက်စလည်း Xiao Zhan ဝတ်ပေးထားတဲ့ ဒူးဖုံးဘောင်းဘီကို ပေါင်လယ်ထိ တက်အောင် ပတ်ပြေးတယ်။

"ဟစ် ဟစ် ခစ် ခစ် ခစ် ၊ ပါးပါးး!! ပေပီတို ဒယ်ဒီ လိုက်တိုက်နာ "

တစ်ခစ်ခစ် ရီကာ Xiao Zhanအား စစ်ကူလှမ်းတောင်းတယ်။

"ဟားး ဟားး ဒယ်ဒီ လိုက်တိုက်ရင် ပြေးပေါ့ baby ရ ၊ တီ ! တီ! တီ! တီ! "

ဆိုင်ကယ်ပေါ်က Daddy Wang က သူ့သားစကားအား တဟားဟားး ရီကာ reply ပြန်တယ်။

သားကလည်း ပါးပါး ၊ ပါးပါး ဟု တစ်ခစ်ခစ်ရီကာ အော်ရင်း ပတ်ပြေးနေတုန်း။

"တော်ပြီ Yibo၊ မစနဲ့တော့ ၊ baby ချောလဲလိမ့်မယ် "

"Shi ၊ ပေါင်ပေ့ "

အရှေ့ရောက်နေတဲ့ Yiboက ဆိုင်ကယ်ကို ချက်ချင်းရပ်ကာ အနောက်လှည့်လို့ Xiao Zhanကို သွားပေါ်အောင် ရီပြတယ်။

"လာ ၊ တက် baby ၊ Daddy တို့ ညနေစောင်း ဆိုင်ကယ် လျှောက်စီးကြမယ် ! let's go"

"ဟွန့် ဒယ်ဒီ လုပ်ယို့ ပေပီ မောချာ ဟွန့် ဟွန့် ၊ ဟောဟဲ ဟောဟဲ "

T - Shirt လက်ရှည် အဖြူရောင်လေး ဝတ်ထားသည့် Wang ပိစိ။

သူပြေးထားရလို့ မောနေကြောင်း သူ့ Daddy ကို တဟွန့်ဟွန့်နဲ့ မျက်စောင်းလေးထိုးပြီး နှုတ်ခမ်းပါးလေး ဟပြကာ ဟောဟဲ ၊ ဟောဟဲ လုပ်ပြနေသည်။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now