Part 25(24/8/Tue)

7.5K 695 14
                                    

"ကျွန်တော် ပြောစရာ ရှိတယ် ပါးနဲ့ မား "

Wang သခင်ကြီးက steak လှီးနေရာကနေ Yibo မျက်နှာကို အကဲခတ်တယ်။ ဘာမို့လို့ သူ့သားမျက်နှာက ဒီလောက်လင်းနေရတာပါလိမ့် ။

Xiao Zhan ယောက္ခမကလည်း steak ကို ဟန်ပါပါ လှီးနေရင်း သူမ သားကို မော့ကြည့်လာသည်။

သူမ Xiao Zhan ကို အကဲခတ်ကြည့်တော့  သူမ သား ပြင်ထားပေးတဲ့ steak ကို နှုတ်ခမ်းလှလှထဲ ထည့်သွင်းကာ အေးအေး ဆေးဆေး စားနေသည်။ ဒီစကားဝိုင်းက သူနှင့် မဆိုင်သလို။

ဒီနေ့က Yibo မွေးနေ့ဖြစ်တာကြောင့် လေးယောက်သား နာမည်ကြီး ဆိုင်တစ်ဆိုင်မှာ ညစာထွက်စားကြခြင်း ဖြစ်သည်။

"Zhan "

Yibo က Xiao Zhan လက်ကို ဆုတ်ကိုင်လာတယ်။

Xiao Zhan ခပ်ပြုံးပြုံးဘဲ Wang Yibo ကို ခေါင်းငြိမ့်ပြလိုက်သည်။

ထို အခါ Wang Yiboက Xiao Zhanကို နူးနူးညံ့ညံ့ ကြည့်တယ်။ အကြည့်တွေက သူ့ကို ယုံပါလို့ ဖော်ညွှန်းနေလျက်....၊

"ပါးနဲ့ မား "

Wang သခင်ကြီးနဲ့ Xiao Zhan ယောက္ခမက Wang Yibo ပြောလာမှာကို သေချာနားထောင်နေကြတယ်။ ဘာပြောမှာမို့ Yiboက အချိန်ဆွဲနေရတာလဲ သူတို့ သိချင်ပါ၏။

"ကျွန်တော့် အမျိုးသားမှာ ပါးနဲ့ မားရဲ့ မြေးလေး ရှိနေပြီ "

ထို စကားကြားတော့ Xiao Zhan ယောက္ခထီးနဲ့ ယောက္ခမက Xiao Zhan ကို ကြည့်လာကြတယ်။

"မြေး ဟုတ်လား "

Xiao Zhan ယောက္ခမက အတည်ပြုချင်သလို မေးလာခဲ့သည်။

"ဟုတ်တယ် မား ၊ ကျွန်တော့်အမျိုးသားဆီမှာ ကျွန်တော့်ရင်သွေးလေး လွယ်ထားရတယ် "

စကားဝိုင်းက တိတ်တိတ် ဆိတ်ဆိတ် ၊ သို့ပေမဲ့ မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့ လူလေးယောက်ရဲ့ စိတ်ထဲမှာတော့ အတွေးကိုယ်စီ နေရာယူထားကြတယ်။

ပုံမှန်ဆို အံ့အားသင့်တဲ့ အရိပ်အယောင် ၊ မယုံကြည်နိုင်တဲ့ စကားသံတွေနဲ့ ပြည့်နေလိမ့်မယ်ဆိုပေမဲ့ Xiao Zhan ယောက္ခထီးနဲ့ ယောက္ခမကတော့ မျက်နှာထက်က အပြုံးတစ်ပွင့်နဲ့ တည်တည် ငြိမ်ငြိမ် ညစာကို ဆက်စားနေကြဆဲ။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now