Part 17(1/8/Sun)

8K 815 4
                                    

"ပါး ! မား ဘာတွေ လုပ်နေတာလဲ သိလား"

Wang သခင်ကြီးက သားဖြစ်သူကို ခပ်အေးသာကြည့်ပြီး ခပ်ပြေပြေသာ ပြန်ဖြေတယ်။

"ငါက သူမဘာတွေလုပ်နေမှန်း အကုန်လုံး မသိနိုင်ဘူး, အကြောင်းရှိလို့လား"

အဖြေအဆုံး သားဖြစ်သူက မျက်ခုံးတွေ တွန့်ချိုးကုန်တယ်,

"မဖြစ်နိုင်တာ, ဒီကမ္ဘာမှာ ပါးမသိသေးတာ ရှိသေးတယ်ပေါ့လေ , အံ့သြလိုက်တာ ဟက်!"

သားဖြစ်သူက အချစ်ရူး, ရူးနေပြီ:

သူငယ်ငယ်တုန်းက ပုံစံကို ပြန်မြင်နေရတယ်။

"မင်းက သူမကို သံသယဝင်နေတာလား Yibo"

"မားက ကျွန်တော့အမျိုးသားကို သတ်ချင်နေတယ်"

မျက်ဝန်းတွေက အေးစက်စက်...,

"ဒါက သူမက မင်းကိုသိပ်ချစ်တာလေ"

Yibo ပုံစံက ခပ်ဆွေးဆွေး,

သိပ်ချစ်ပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်ခြားသူကို ထိခိုက်စေခဲ့တာတွေ အတွက်ကျ ဘယ်လိုလျှော်ပေးမှာလဲ။

"မားကို ထိန်းပါ ပါး, သူမက အတ္တကြီးလွန်းတယ်"

ပြောလာတဲ့ အသံက ခပ်အက်အက်!

"ဒါဆို ခွင့်ပြုပါဦး "

"နေအုံး! Xiao Zhan ပြောပြတာလား"

"ဘာကိုလဲ, မားဆိုတာလား, အဲ့လူကြီးက သေတောင်ထုတ်ပြောမဲ့လူ မဟုတ်ဘူး, ကျွန်တော်သာ သေချာမစုံစမ်းခဲ့ရင် အခုထိ မျက်ကန်းဖြစ်နေအုံးမှာ, မားအကြောင်း ပါးအသိဆုံးပါ "

Wang သခင်ကြီး သက်ပြင်းချတယ်။

"မင်းမားနဲ့ ဆွေးနွေးကြည့်သင့်တယ်, အပြန်ကျ ဝင်တွေ့လိုက်ပါ"

....

....

....

"Yibo ငါဆေးရုံဆင်းချင်ပြီ"

Xiao Zhan ပြောသာပြောနေတာ သူ့ယောကျာ်းက သူ့ကို ခုထိ စိတ်ဆိုးနေတုန်း...,

"စကားခနပြောရအောင် Xiao Zhan"

Xiao Zhan နည်းနည်းတော့ ကြောင်သွားတယ်, သူ့ယောကျာ်းက ဒီနေ့မနက်ထိ စိတ်ဆိုးနေတာပါ။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now