ဝဿန်မောင် အခန်းကို ပြန်ရောက်ချိန်မှာ နှောင်းသစ်ခက်က ညဝတ်အင်္ကျီလးတွေခေါက်နေသည်။ အများစုက သစ်ခက်၏ အင်္ကျီတွေ။
"ခေါက်ထားပြီးသားကို ဘာလို့ပြန်ခေါက်နေတာလဲ?"
"ဗီရိုထဲထည့်လိုက်ပေမယ့် ပြန်ပြုတ်ကျလာလို့"
ဝဿန်မောင် ကုတင်ပေါ်မှာထိုင်ပြီး နှောင်းသစ်ခက်ကို နောက်ကျောကနေဖက်လိုက်သည်။
"သေချာမထည့်လို့ပေါ့~"
ဝဿန်၏ ချစ်စဖွယ်အပြစ်တင်မှုလေးကို သစ်ခက်က ပြုံး၍ တုံ့ပြန်သည်။
နှောင်းသစ်ခက်၏ကျောကိုမှီပြီး ထိုလူသားဆီက အနွေးဓာတ်လေးကို ဝဿန်မောင် ခံစားကြည့်နေသည်။ အင်္ကျီတွေခေါက်ပြီးသွားသော နှောင်းသစ်ခက်က ကိုယ်ကိုလှည့်ပြီး ဝဿန်မောင့်ကို ရင်ခွင်ထဲထည့်လိုက်သည်။ လည်ပင်းလေးကို နမ်းရှိုက်ရင်း နှောင်းသစ်ခက်ရဲ့လက်တွေ ဝဿန်မောင့်အင်္ကျီထဲ တိုးဝင်လာချိန်မှာတော့
"ဟိတ်...ငါတို့ အခုမှ ဟန်းနီးမွန်းက ပြန်ရောက်လာတာလေ"
ဆူပုတ်ပုတ်ရုပ်နဲ့ပြောသော ဝဿန်မောင့်စကားကို နှောင်းသစ်ခက်က နားမလည်ဟန်ပြုသည်။ အပြုံးကတော့မပျက်။
"အင်း...သိတယ်လေ"
"..."
နှောင်းသစ်ခက်ရဲ့ပုံစံကြောင့် ဝဿန်မောင် သက်ပြင်းချရသည်။ လက်ကလဲ သစ်ခက်ကိုတွန်းထုတ်လိုက်ပြီး
"ဒီတစ်နေ့တော့ အနားယူပါအုံးလား"
တွန်းထုတ်သော်လည်း ပိုပြီးတိုးကပ်လာသော နှောင်းသစ်ခက်ကြောင့် ဝဿန်မောင် လန့်သွားရသည်။
"ဒါကလည်း အနားယူတာပဲလေ"
"..."
သစ်ခက်ရဲ့အပြုံးတွေက နူးညံ့နေဆဲဖြစ်ပေမယ့် အကြည့်တွေက ပိုပြီး စူးရှလာသဖြင့် ဝဿန် တံတွေးတစ်လုတ်မြိုချမိသည်။
"မင်း...မင်းဘာသာတစ်ယောက်ထဲနား"
ဝဿန်မောင် ဒီအခြေအနေကလွတ်အောင် ထသွားဖို့ပြင်လိုက်ပေမယ့် နှောင်းသစ်ခက်က ခါးကိုဖက်၍ ကုတင်ပေါ်တွန်းလှဲလိုက်သည်။ သစ်ခက်က အပေါ်ကနေဖိထားပြီး ဝဿန်၏ နားကိုကပ်၍ ဩရှရှအသံနှင့် ပြောလိုက်သည်။
![](https://img.wattpad.com/cover/274166648-288-k79621.jpg)
YOU ARE READING
အချစ်စိတ် (အချစ်စိတ်)[ရပျနား]
Horrorတစ်ခါတစ်လေမှာ မျှော်လင့်ချက်တစ်ခုဟာ ကိုယ်ကိုယ်တိုင်သာမက တစ်ခြားသူတွေကိုပါ ချောက်ကမ်းပါးအစွန်းထိဆွဲခေါ်တတ်တယ် တစ်ခါတစ်လေမှာ မျှော်လင့်ချက်တစ်ခုဟာ ကိုယ်ကိုယ်တိုင်သာမက တစ်ခြားသူတွေကိုပါ ချောက်ကမ်းပါးအစွန်းထိဆွဲခေါ်တတ်တယ်