chapter_6(Unicode)

19 4 11
                                    

နှောင်းသစ်ခက် မီးဖိုချောင်မှာ မနက်စာပြင်ရင်းအလုပ်ရှုပ်နေသည်။ ထမင်းဟင်းချက်ဖို့ အလုပ်သမားတစ်ယောက်ခေါ်လို့ရပေမယ့် ဝဿန်က သစ်ခက်ချက်တာမှကြိုက်ပါတယ်ဆိုလို့ သူဝင်ချက်နေရသည်။

ထမင်းစားပွဲအနီးက ပြတင်းပေါက်လေးကနေ လှမ်းကြည့်လိုက်တော့ ပန်းခင်းကြီးထဲမှာ မတ်တပ်ရပ်နေတဲ့ဝဿန်။ မနေ့ညက အိမ်မက်ဆိုးမက်ပြီးတဲ့နောက်မှာ ဝဿန်စိတ်တွေလွင့်နေတာ သူသတိထားမိသည်။ ဝဿန်ဘာတွေတွေးနေလဲမသိပေမယ့် ကိုယ်မင်းကိုအတတ်နိုင်ဆုံးကာကွယ်ပေးမှာပါ။

ကြက်အူချောင်းကြော်နေရင်းနဲ့ သစ်ခက် လက်သုတ်ပုဝါလိုက်ရှာမိသည်။ လက်သုတ်ပုဝါတစ်ခု မီးဖိုချောင်မှာထားထားပေမယ့် အခုဘယ်ရောက်သွားလဲမသိ။ ဂတ်စ်မီးဖိုကိုပိတ်ထားခဲ့ရင်းနဲ့ လက်သုတ်ပုဝါအသစ်ယူဖို့ သစ်ခက် ဧည့်ခန်းထဲကိုထွက်လာခဲ့သည်။

နှောင်းသစ်ခက် မီးဖိုချောင်ကထွက်သွားတာနဲ့ ပိတ်ထားခဲ့တဲ့ဂတ်စ်မီးဖိုက ဖွင့်မယ့်လူမရှိဘဲ သူ့အလိုလို မီးထတောက်လာသည်။ အခုလေးတင်ကြက်အူချောင်းကြော်ထားတဲ့ ဒယ်အိုးထဲကဆီတွေက တစ်ဖန်ပြန်လည်ဆူပွက်လာသည်။ လူမရှိတဲ့မီးဖိုချောင်ထဲမှာ ကြက်အူချောင်းတူးနံ့က လှိုင်လှိုင်ထလျက်။ ထူးဆန်းတဲ့အချက်က တူးနံ့က မီးဖိုချောင်ထဲမှာပဲရှိနေပြီး အပြင်ထွက်မလာတာပင်။

ဆီတွေကမတရားဆူပွက်လာသည်။ တူးကပ်နေတဲ့ကြက်အူချောင်းတွေကလည်းမြင်မကောင်း။ အပူချိန်က ဒယ်အိုးရဲ့ခံနိုင်တဲ့အတိုင်းအတာကိုကျော်လွန်တော့မယ်။ နောက်စက္ကန့်အနည်းငယ်အတွင်း မီးထတောက်ပြီး ပေါက်ကွဲမှုတစ်ခုဖြစ်လာတော့မယ့်အချိန်မှာ ချလောက်ဆိုတဲ့အသံနဲ့အတူ နှောင်းသစ်ခက် ဂတ်စ်မီးဖိုကိုပိတ်လိုက်သည်။

ဒယ်အိုးကိုအပူပေးနေတဲ့မီးတောက်က ပျောက်ကွယ်သွားသည်။ လက်ထဲကလက်သုတ်ပုဝါနဲ့ သစ်ခက် အပူလွန်နေတဲ့ဒယ်အိုးကိုမ,လိုက်ပြီး ဘေးမှာသက်သက်ချထားလိုက်သည်။ ထို့နောက် နှောင်းသစ်ခက် အေးစက်နေတဲ့မျက်လုံးနှင့် ဂတ်စ်မီးဖိုကိုစိုက်ကြည့်မိသည်။ လက်သုတ်ပုဝါသွားရှာရင်း စိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်ဖြစ်ပေါ်လာလို့ တွေ့တဲ့ပုဝါတစ်ထည်ကောက်ယူလာပြီး မြန်မြန်ပြန်လာလိုက်တာ။ ရောက်လာတော့ အခြေအနေက ထင်တဲ့အတိုင်းပဲ။ နဲနဲလေးသာနောက်ကျခဲ့ရင် စံအိမ်ထဲမှာ တစ်ယောက်ထဲရှိနေတဲ့သစ်ခက်က ကိစ္စတုံးသွားနိုင်သည်။

အချစ်စိတ် (အခ်စ္စိတ္)[ရပ်နား]Where stories live. Discover now