chapter_1(Unicode)

40 7 9
                                    


မျက်စိရှေ့က ကြီးကျယ်ခမ်းနားလှပသောစံအိမ်ကြီးအား ဝဿန်မောင် ငေးကြည့်နေမိသည်။ စံအိမ်ကြီး၏ဘေး၌ မျက်စိတစ်ဆုံး လှပစွာဖူးပွင့်နေသော ဂန္ဓမာပန်းခင်းကြီး။ မျက်စိတစ်ဆုံး ငေးမောသွားရလောက်အောင် လှလွန်းတဲ့ ဂန္ဓမာပန်းခင်းကြီးကြောင့် ဤစံအိမ်ကြီးအား ဂန္ဓမာစံအိမ်ဟု လူသိများသည်။

ဤစံအိမ်ကြီးသည် ဝဿန်မောင်တို့မိသားစု၏ ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။ ဤစံအိမ်ကြီးရဲ့ အရင်ပိုင်ရှင်ကတော့ ဝဿန်မောင်၏ အဘေးပင်။ ဝဿန်ကလေးဘဝအရွယ်တွင် ဝဿန်၏အမေဘက်ကအဖိုးက သူ၏အဖေ၊ဝဿန်၏အဘေးအကြောင်းကို အမြဲပြောပြတတ်သည်။ အဖိုးပြောပုံအရတော့ ဝဿန်ဟာ အဘေးနဲ့အရမ်းတူတာပဲတဲ့။

"သခင်လေးတို့ရောက်လာကြပြီကိုး..ပြောထားတဲ့အချိန်ထက်စောနေတော့ ဦးလေးထွက်မကြိုမိဘူးကွယ်"

စံအိမ်ရဲ့တစ်ဦးတည်းသော အလုပ်သမားဖြစ်သော ဦးသောင်းလွင်၏ အသံကြားမှ ဝဿန်မောင် အတွေးထဲနစ်မျောနေရာမှ လက်ရှိအချိန်ကို ပြန်ရောက်လာခဲ့သည်။ ဒီစံအိမ်ကြီးမှာ နေမယ့်လူမရှိတော့ကတည်းက ဦးသောင်းလွင်တို့မိသားစုက ဒီစံအိမ်ကြီးကို စောင့်ရှောက်ပေးခဲ့သည်။ ဒီစံအိမ်ကြီးရဲ့ပိုင်ရှင်ရှိကတည်းက အလုပ်လုပ်လာကြတာမလို့ ဒီအလုပ်က မိသားစုမျိုးရိုးစဉ်ဆက် ဆက်ခံလာသလိုဖြစ်နေသည်။ တခြားအလုပ်သမားတွေလဲမရှိဘဲ မိသားစုတစ်ခုထဲက ထိန်းသိမ်းလာရတာမလို့ တော်တော်အလုပ်များမှာပဲလို့ ဝဿန်မောင်တွေးမိသည်။ ဘာကြောင့်များ တခြားအလုပ်သမားတွေမခေါ်ရတာလဲ?။

"ဟုတ်...ကျွန်တော်တို့ လေယာဉ်ပေါ်က ဆင်းဆင်းချင်း ဒီကို တန်းလာလိုက်လို့ဗျ"

ဝဿန်မောင် နွေးထွေးစွာပြန်ပြောလိုက်ရင်း ဦးသောင်းလွင် အထုပ်အပိုးတွေသယ်သွားတာကို ကြည့်နေသည်။ ပရိဘောဂတွေနဲ့ လိုအပ်တာတွေကို အရင်နေ့တွေကတည်းက လူလွှတ်ပြီး စံအိမ်ထဲမှာ ပြင်ဆင်ခိုင်းထားပြီးပြီမလို့ အခု သယ်စရာက အဝတ်အစားတွေပဲရှိလေသည်။ အထုပ်အပိုးတွေက သိပ်မများတာမလို့ ဦးသောင်းလွင်တစ်ယောက်ထဲ သယ်ဖို့ရာ လုံလောက်သည်။

အချစ်စိတ် (အခ်စ္စိတ္)[ရပ်နား]Where stories live. Discover now