chapter_4(Unicode)

18 4 17
                                    

အဝါရောင်ပွင့်ဖတ်လေးတွေနဲ့ ရနံ့သင်းပျံ့ပါသော ဂန္ဓမာပန်းစည်းတစ်စည်းအား အပြုံးတစ်ပွင့်နှင့်အန်တီကြီးရဲ့လက်ထဲသို့ ဝဿန်မောင် ကမ်းပေးလိုက်သည်။

"ကျေးဇူးပါ သားလေး"

ပန်းစည်းကိုလှမ်းယူရင်း ကျေးဇူးတင်စကားဆိုလာသော အန်တီကြီးအား ဝဿန်ပြုံးပြရင်း
"ရပါတယ်ဗျ"

ဤဂန္ဓမာပန်းခင်းကြီးက စီးပွားဖြစ်စိုက်ပျိုးထားခြင်းမဟုတ်သော်လည်း ဘုရားပန်းကပ်လှူချင်၍သော်လည်းကောင်း၊ အိပ်ခန်းထဲမှာအလှပန်းအိုးထိုးချင်၍သော်လည်းကောင်း လာမေးကြတဲ့လူတွေရှိသည်။ ထိုသူတွေကိုတော့ တစ်စည်းတလေရောင်းချပေးသည်။ တစ်ပွင့်တလေလောက်က ပြဿနာမဟုတ်ပေမယ့် လာတောင်းသမျှလူတိုင်းကိုသာ အလကားပေးနေလျှင် ဒီပန်းခင်းကြီးပြောင်လောက်ရောပေါ့။

ှုဂန္ဓမာပန်းနံ့များပြည့်လျှံနေတဲ့လေထုကို ရှူရှိုက်ရတာ ဝဿန်မောင်အတွက် စိတ်လန်းဆန်းစေသည်။ လှပတဲ့ပန်းခင်းကြီးကလည်း မျက်စိပသာသဖြစ်စရာ။ စံအိမ်ဆီကိုပြန်သွားဖို့ ကိုယ်ကိုလှည့်လိုက်ချိန်မှာ မျက်စိထောင့်ကမြင်လိုက်ရတဲ့ ပုံရိပ်တစ်ခု။

ခြေလှမ်းတွေကိုရပ်ပြီး ပြန်လှည့်ကြည့်လိုက်တော့ အဝါရောင်ဂန္ဓမာပန်းတွေကလွဲလို့ ဘယ်သူမှရှိမနေ။ မျက်စိထောင့်ကဖျက်ခနဲမြင်လိုက်ရရုံမလို့ မျက်နှာကိုမတွေ့လိုက်ပေမယ့် နက်မှောင်ရှည်လျားတဲ့ဆံနွယ်နဲ့ ခန္ဓာကိုယ်ပုံပန်းအရ မိန်းကလေးတစ်ယောက်ဖြစ်လိမ့်မည်။

ု"သခင်လေး"

ဝဿန်မောင်ရဲ့အတွေးတွေက ဦးသောင်းလွင်ရဲ့ခေါ်သံကြောင့် ရပ်တန့်သွားရသည်။ ဝဿန်မောင် ဦးသောင်းလွင်ကို လှည့်ကြည့်လိုက်ပြီး
"ပြောလေ..ဦးလေး။ ဘာကိစ္စရှိလို့လဲ?"

"မီးဖိုချောင်က တံခါးကိစ္စပြောမလို့ပါ။ ဦးလေး ပြင်ဖို့လူသွားရှာတော့ အဲ့လူကခရီးထွက်သွားတယ်တဲ့။ တခြားလူတွေတော့ရှိပေမယ့် ပြင်နေကျလူလောက် အလုပ်လုပ်တာအဆင်မပြေတာနဲ့..အဲ့ဒါ..."

ဦးသောင်းလွင်ရဲ့စကားအား ဝဿန်မောင်ပြုံးလျှက် တုံ့ပြန်လိုက်သည်။
"ရပါတယ်ဗျာ..မလောပါနဲ့ဆို။ အေးဆေးမှပြင်လည်းရတယ်။ အရေးမကြီးပါဘူး"

အချစ်စိတ် (အခ်စ္စိတ္)[ရပ်နား]Where stories live. Discover now