chapter_8(Unicode)

6 3 8
                                    

မှန်တွေက တခြား dimension တစ်ခုကို ချိတ်ဆက်ပေးတဲ့လမ်းကြောင်းလို့ပြောစမှတ်ပြုကြတယ်။ မထင်မှတ်ထားတဲ့အချိန်မှာ အထူးသဖြင့် အမှောင်ရိပ်ကြီးစိုးတဲ့ညဘက်တွေမှာပေါ့..မမြင်နိုင်တဲ့အရာတွေက မှန်ထဲမှာ ထင်ဟပ်လာလိမ့်မယ်။
*************

နေရောင်ဖြာကျနေတဲ့ ပြတင်းပေါက်နားမှာထိုင်ရင်း ဝဿန်မောင် ပန်းခင်းကြီးကို ငေးကြည့်နေသည်။ စိတ်တွေကလည်းလွင့်လို့။ ဝဿန်မောင် အိမ်မက်တွေအကြောင်းကို စဉ်းစားမိနေသည်။ ဒီစံအိမ်ကြီးကိုရောက်ကတည်းက ထူးဆန်းတဲ့အိမ်မက်တွေကိုမက်နေတာ ညတိုင်းနီးပါးပင်။ အိမ်မက်တွေကလည်း ဒီစံအိမ်ကြီးနဲ့ဆက်စပ်နေသည်။ အနှီထူးဆန်းတဲ့အိမ်မက်တွေကလွဲလို့ တခြားအိမ်မက်တွေ ဝဿန်မောင် မမက်ပေ။

အစက အိမ်မက်တွေကိုစိတ်ထဲမထားခဲ့ပေမယ့် မြင်မက်ပါများလာတော့ တစ်ဖြည်းဖြည်းနဲ့ထူးဆန်းလာရသည်။ ဒီစံအိမ်ထဲမှာမွေးပြီးကြီးပြင်းလာတဲ့လူလို့ ဝဿန်မောင် ကိုယ့်ကိုယ်ကိုထင်မိတော့မလိုပင်။

အဖြေမရှိတဲ့မေးခွန်းတွေက တွေးရင်းတွေးရင်းနဲ့ စိတ်ရှုပ်လာရတာပဲ အဖတ်တင်သည်။ ဝဿန်မောင် စိတ်ညစ်ညူးစွာ အိပ်ခန်းထဲက ထွက်လာလိုက်သည်။ မီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့နှောင်းသစ်ခက်ဆီကိုသွားဖို့ ရည်ရွယ်လိုက်ပေမယ့် ခြေလှမ်းတွေက လှေကားကမဆင်းမိဘဲ အပေါ်ထပ်မှာသာ လျှောက်ပတ်ကြည့်နေမိသည်။

အိမ်ပြောင်းလာခါစက ဝဿန်မောင် ပတ်ကြည့်ဖူးတယ်ဆိုပေမယ့် သတိမထားမိတဲ့နေရာတွေရှိနေတုန်းပင်။ လျှောက်လာရင်းနဲ့ အခန်းတစ်ခန်းရှေ့အရောက်မှာ ခြေလှမ်းတွေရပ်တန့်သွားရသည်။ ရင်းနှီးနေတဲ့ တစ်စုံတစ်ခုကို ဝဿန်မောင်မြင်လိုက်ရသည်။

စာရေးစားပွဲခုံပုလေး။ မကြာသေးမီညက အိမ်မက်ထဲက ခုံလေး။ ရန်ဖြစ်နေတဲ့မိဘတွေရဲ့အသံတွေကြားမှာ ခုံလေးအောက်မှာပုန်းရင်း တုန်ရီနေတဲ့ ကလေးလေးကို ဝဿန်မောင် ပြန်မြင်ယောင်လာ၏။ အံ့ဩမှုနဲ့အတူ ဝဿန်မောင် မလှုပ်မရှားဘဲ ရပ်နေမိသည်။

အဲ့ခုံလေးက တကယ်ရှိတာလား....

ဟောင်းနွမ်းပြီး ဖုန်တွေတက်နေပေမယ့် အိမ်မက်ထဲခုံလေးနဲ့ တစ်ပုံစံတည်းပဲဆိုတာ ဝဿန်မောင်ပြောနိုင်သေးသည်။ မြင်ပြီးသားတစ်စုံတစ်ခုကို အိမ်မက်မက်တာ မထူးဆန်းပေ။ သို့သော် အိမ်မက်ထဲကတစ်စုံတစ်ခုကို အပြင်မှာမြင်လိုက်ရသည်ဆိုလျှင် မတူတော့ပေ။ အခြေအနေက ကျိန်းသေပေါက်ထူးဆန်းနေချေသည်။

အချစ်စိတ် (အခ်စ္စိတ္)[ရပ်နား]Where stories live. Discover now