အပိုင်း(၂)

8.6K 735 5
                                    

[Unicode]

ရှောင်းကျန့်အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာထိုင်နေတဲ့မျန်မျန်ကိုတွေ့တယ်
"ကျဲကျဲ ဒီနေ့ အစောကြီးပြန်လာတာလား"

"အင်း"

မျန်မျန်က ရှောင်းကျန့်ထက်၂နှစ်ကြီးတယ် ခုဆိုသူက စီးပွားရေး တက္ကသိုလ်တတ်နေတာ အစ်မအရင်းတော့မဟုတ်ဘူး သူ့ဦးလေး ယွီဖေးလျိုရဲ့သမီး ရှောင်းကျန့် ၅နှစ်အရွယ်မှာ မိဘနှစ်ပါးလုံးဆုံးသွားတာမို့ ဦးလေးယွီကခေါ်ပြီးစောင့်ရှောက်ပေးထားတာ မျန်မျန်ကတော့ ရှောင်းကျန့်ကို အမြင်မကြည်ဘူး အဲ့၅နှစ်အရွယ်တည်းကပေါ့ သူ့ပါးပါးရဲ့အချစ်တွေကိုခွဲပေးရလို့တဲ့ ပြီးတော့ သူ့ပါးပါးနဲ့မားမား ကွဲရတဲ့အကြောင်းကလည်း ရှောင်းကျန့်ဖြစ်နေလို့လေ
ရှောင်းကျန့်ကတော့ မျန်မျန်ကို တကယ်ခင်တွယ်တယ် မျန်မျန်က သူ့ကိုမချစ်ပေမယ့်မမုန်းဘူးလို့ယုံတယ် ကျဲကျဲကသူ့ကိုမုန်းယောင်ဆောင်နေရုံလေးပါ

"ကျဲကျဲ သားကို စာပြပေးမလား"

"မပေးချင်ပါဘူး နင်ကဒီလောက်ထိုင်းမှိုင်းနေတာ ငါစိတ်မရှည်ဘူး"

"ဟီးဟီး အင်းပါ အ့ဆို အကိုထျန်းရန်ကိုပဲ သင်ခိုင်းတော့မယ် သူကသားဒီလောက်တုံးတာတောင် ခေါင်းထဲနည်းနည်းဖြစ်ဖြစ်စာရောက်အောင်သင်ပေးနိုင်တယ် သိလား"

ရှောင်းကျန့်ကပြောတော့ မျန်မျန်က မျက်နှာမဲ့ပြတယ် ရှောင်းကျန့်လဲ တစ်ဟီးဟီးရယ်ရင်း ရေချိုးဖို့အပေါ်ထပ်တက်လာခဲ့တယ် ပြီးရင်သူအကိုထျန်းရန်ဆီစာသွားသင်ရဦးမှာ သူကအဲ့လိုပဲဉာဏ်မကောင်းတော့ တစ်နေ့သင်တဲ့စာကို မနည်းနားလည်အောင် အကိုထျန်းရန်ဆီသွားရှင်းပြခိုင်းပြီး အခေါက်ခေါက်အခါခါ ပြန်ရေးရ တွက်ရ ကျက်ရတယ် စာမေးပွဲတွင်းဆိုရင်တော့ ရှောင်းကျန့်တို့ညလုံးပေါက်ပဲ ဒါတောင် အောင်မှတ်လေးကပ်အောင်တာ ဘာနေနေကံကောင်းတယ်ပဲပြောရမယ် သူကဉာဏ်မှမကောင်းတာ တစ်နှစ်တစ်တန်းအောင်တော်ရောပေါ့

ထျန်းရန်ဆိုတာက ရှောင်းကျန့်တို့ယွီအိမ်ရဲ့ဘေးခြံက ထျန်းရန်နဲ့ရှောင်းကျန့်က အသက်၄နှစ်ကွာတယ် ရှောင်းကျန့်ဒီကိုစရောက်ရောက်ချင်းတုန်းက မျန်မျန်ရယ် ထျန်းရန်ရယ် သူရယ်က ဆော့နေကျ အကိုထျန်းရန်ကလည်း ရှောင်းကျန့်ကိုအငယ်ဆုံးလေးဆိုပြီး သိပ်ဂရုစိုက်တာ နောက်ပိုင်းမျန်မျန်က သူ့ထက်ပိုပြီးရှောင်းကျန့်ကို ဂရုစိုက်တာကို မလိုလားတော့ ရှောင်းကျန့်ပါရင် မဆော့ဘူးဆိုလို့ ရှောင်းကျန့်က သူတို့၂ယောက်ဆော့တိုင်း ခပ်​ေ၀း​ေ၀းက ငေးကြည့်ခ​​ဲ့ရတာ လက်ထဲက ယုန်ဖြူလေးကိုပိုက်ရင်းပေါ့ အခုအကိုထျန်းရန်က ဆေးကျောင်းတက်နေတာ ရှောင်းကျန့်အပေါ်လည်းခုထိဂရုစိုက်ပေးတုန်း ထျန်းရန်က ရှောင်းကျန့်အတွက် တကယ်ကို အကိုကြီးအရင်းလိုပဲ

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now