အပိုင်း(၃၁)

6.5K 530 1
                                    

[Unicode]

ရိပေါ် မနေ့ညကဟိုတွေး ဒီတွေးနဲ့ပဲ အိပ်ပျော်သွားပြီး ဒီမနက်မှာ စောစောနိုးလာတယ် အရင်ညတွေကထက်ပိုစောပြီးအိပ်လိုက်လို့ထင်တယ် ညကရှောင်းကျန့်နဲ့ချိန်းမတွေ့ဖြစ်တော့ Phပြေ​ာပြီးတာနဲ့ ဟိုဟိုဒီဒီတွေးရင်းအိပ်ပျော်သွားတော့တာ

ရိပေါ် မျက်လုံးတွေကိုသူ့လက်ခုံနဲ့ပွတ်သပ်ပြီး ကုတင်ဘေး စားပွဲပေါ်ကနာရီကိုယူကြည့်လိုက်တော့ ၇နာရီပဲရှိသေးတယ် ဆက်လည်းမအိပ်ချင်တော့တာမို့ မျက်နှာသစ်သွားတိုက်ပြီး ကိုယ်လက်သန့်စင်လိုက်တယ် မနေ့ညကရှောင်းကျန့်နဲ့မတွေ့လိုက်ရတော့ သူရှောင်းကျန့်ကိုလွမ်းနေပြီ တွေ့ချင်နေပြီ အဲ့တာကြောင့် မနက်စာတောင်မစားတော့ဘဲ ယွီအိမ်ဘက်ကိုတန်းလာလိုက်တယ်

မျန်မျန်က ထျန်းရန်ရယ် သူ့သူငယ်ချင်းတွေရယ်နဲ့ ခရီးထွက်သွားတာမို့ ဦးလေးယွီက တစ်ယောက်တည်းမနက်စာထိုင်စားနေတယ် ယွီအိမ်ထဲ၀င်လာတဲ့ရိပေါ်ကိုမြင်တော့ ဦးလေးယွီက လှမ်း​နှုတ်ဆက်​တယ်

"ဟ ရိပေါ် အစောကြီးပါလား "

"ဟုတ် ဦးလေးယွီ ရှောင်းကျန့်မနိုးသေးဘူးလား"

"အဲ့ဒီကလေးက ဒီချိန်ဘယ်တုန်းကမှမနိုးဘူး "

"အဲ့ဒါဆို ကျွန်တော်သွားနှိုးလိုက်ဦးမယ်နော်"

"အေးအေး ပြီးရင်တစ်ခါတည်းမနက်စာ လာစားကြ"

"ဟုတ်ကဲ့"

ရိပေါ်ပြောပြီး ရှောင်းကျန့်အခန်းဆီတက်လာလိုက်တယ် အခန်းထဲရောက်တော့ ရှောင်းကျန့်ကိုမတွေ့တာမို့ ရေချိုးခန်းထဲမှာများလားဆိုပြီး ရိပေါ်က ရေချိုးခန်း တံခါးကိုခေါက်ရင်းပြောလိုက်တယ်

"ကျန့်ကလေး ရေချိုးနေတာလား "

ရိပေါ်ပြောနေပေမယ့် တုန့်ပြန်သံလည်းမလာသလို ရေကျသံလည်းမကြားတာမို့ ရိပေါ်ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်တယ် ဒါပေမယ့် အထဲမှာရှောင်းကျန့်ကရှိမနေဘူး ရိပေါ် ရှောင်းကျန့်ကို အခန်းထဲအနှံ့ပတ်ရှာနေပေမယ့် မတွေ့တာမို့ ရင်မောလာတယ် အောက်ထပ်ပြေးဆင်းပြီး ဦးလေးယွီကို ရှောင်းကျန့်မရှိကြောင်းပြောတော့ ဦးလေးယွီက အံ့သြစိုးရိမ်သွားတယ် အလုပ်သမားတွေရော သူတို့ရော တစ်အိမ်လုံးအနှံ့လိုက်ရှာကြပေမယ့် ရှောင်းကျန့်ကို ဘယ်မှာမှရှာမတွေ့တာမို့ ရိပေါ်တုန်လှုပ်လာတယ်
'ရှောင်းကျန့်က သူ့ကိုထားသွားပြီလား ဒါပေမယ့် ထားသွားစရာအကြောင်းမှမရှိတာ မနေ့ညကထိကိုအဆင်ပြေနေတာပဲဟာ မနေ့ည .. မနေ့ညကရှောင်းကျန့်ထူးဆန်းတယ် သူ့ဆီကပြန်သွားပြီးမှ အဲ့လိုထူးဆန်းနေတာ သေချာပေါက်တစ်ခုခုရှိရမယ် '

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now