အပိုင်း(၂၀)

7.5K 631 37
                                    

[Unicode]

ဒီနှစ်နွေကျောင်းပိတ်ရက်ကတော့ ဦးလေးယွီခရီးကပြန်မလာသေးတာမို့ ရှောင်းကျန့်ကချုံရန်ရွာလေးကိုသွားမနေဖြစ်
ရှောင်းကျန့်က မသွားတော့ မျန်မျန်ကလည်း ရှောင်းကျန့်ကိုစိတ်မချတော့တာကြောင့်သူ့မားမားဆီမသွားဖြစ်တော့
သူတို့ဘယ်မှမသွားတော့ ဦးလေးမုတို့ ဒေါ်ကြီးလီတို့ကလည်း ရွာမပြန်ကြဘူး အဲ့တော့ ဒီပိတ်ရက်ရှည်မှာတော့ ဦးလေးယွီကလွဲပြီး ယွီအိမ်တော်မှာလူစုံရှိနေကြပါတယ်

ရှောင်းကျန့်ကဒီနေ့ရက်တွေမှာအရင်ကလောက်တော့ အများကြီးမပြုံးဖြစ်တော့ဘူး သူများတွေအမြင်မှာတော့ သူကအရင်လိုပါပဲပေါ့ ဘာလို့ဆို သူကအိမ်ကလူတွေရှေ့မှာအရင်လို တစ်ဟီးဟီး ရယ်နေတတ်ပြီး ချစ်ဖို့ကောင်းနေဆဲမို့ ဒါပေမယ့် ရှောင်းကျန့်ကတစ်ခါတစ်လေမှာ အ​ေ၀းတစ်နေရာကို ခပ်တွေတွေလေးငေးနေတတ်ပြီ  အခန်းပြတင်းပေါက်လေးကနေ ကောင်းကင်ပြာပြာအောက်မှာရွေ့လျားနေတဲ့ တိမ်ဖြူလေးတွေကို ခပ်ဆွေးဆွေးလေးလည်းငေးနေတတ်ပြီ တစ်ချို့ညတွေမှာ ၀မ်ရိပေါ်နဲ့ရှိခဲ့တဲ့ညတစ်ညကိုအိပ်မက်ဆိုးတစ်ခုအဖြစ်မက်တတ်ပြီး နိုးလာတိုင်းပြန်အိပ်မရတဲ့အခါ ငိုနေတတ်တာကလွဲ ကျန်တာတွေကတော့ နေသားတကျပါပဲ

မျန်မျန်ကရှောင်းကျန့်အတွက်phလေးတစ်လုံး၀ယ်ပေးထားတာမို့ တစ်စုံတစ်ယောက်နဲ့အတူဆော့ချင်ခဲ့တဲ့ဂိမ်းလေးကိုတစ်ခါတစ်လေတစ်ယောက်တည်းဆော့နေဖြစ်တယ် စိတ်ပျော်နေတဲ့အခါ သူကစားနေကျအတိုင်း ဆပ်ပြာပူပေါင်းတွေလုပ်ပြီးဆော့တယ် စိတ်ငြိမ်နေတဲ့အခါ ပန်းချီပုံလေးတွေဆွဲနေတတ်တယ် ၀မ်းနည်းစိတ်လေးဖြစ်မိတဲ့အခါတော့ လေနင်ရာရွေ့နေတတ်တဲ့တိမ်စိုင်လေးတွေကိုငေးတာပေါ့
၀မ်ရိပေါ်ကိုချစ်သေးသလားဆို ချစ်ပါတယ် အဲ့တာမို့လည်း သူတိမ်စိုင်လေးတွေကိုခုထိငေးနေတတ်သေးတာပေါ့ ဒါပေမယ့်လုံး၀ကိုထပ်မတွေ့ချင်တော့ပါဘူး နောက်တစ်ခါသာ ၀မ်ရိပေါ်ကြောင့် သူ့နှလုံးသားထပ်နာကျင်ခဲ့ရရင် သူခံနိုင်ရည်ရှိမှာမဟုတ်ဘူး အဲ့ဒီတော့ ဒီလိုပေါ့

'သတိရမိတဲ့အခါ တိမ်စိုင်လေးကိုပဲမင်းအဖြစ်နဲ့ငေးပါ့မယ် မင်းကလည်းမင်းဘ၀လေးနဲ့မင်းနေသားတကျရှိနေပါ ငါကလည်းမင်းကိုချစ်တဲ့ငါ့အချစ်တွေနဲ့ငါအေးအေးချမ်းချမ်းလေးရှိနေပါ့မယ်'

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now