အပိုင်း(၁၉)

6.5K 562 12
                                    

[Unicode]

ရှောင်းကျန့်ကိုမနက်ထိရှာမတွေ့သေးတာကြောင့် မျန်မျန်လည်းတော်တော်ခေါင်းခဲနေပြီ
ရှောင်ကျန့်ပျောက်နေတယ်ဆိုတဲ့သတင်းကြောင့်ထျန်းရန်ကယွီအိမ်ဆီရောက်လာတဲ့အခါ မျန်မျန်ကဧည့်ခန်းမှာ စိတ်ပျက်လက်ပျက်နဲ့ခေါင်းငိုက်စိုက်ကျလို့

"မျန်မျန်"

ထျန်းရန်ခေါ်သံကြောင့် မျန်မျန်ကခေါင်းလေးထောင်ကြည့်တယ်

"ရှောင်းကျန့်ပျောက်နေလို့ဆို"

"ဟုတ်တယ် အကိုထျန်းရန် မျန်မျန်တစ်ညလုံးလိုက်ရှာတာတောင် မတွေ့ဘူး ဘယ်လိုလုပ်ရမလဲဟင်"

"ဦးလေးယွီကိုပြောပြီးပြီလား"

"ဟင့်အင်း မျန်မျန်မပြောရဲဘူး "

"အကိုတစ်ခေါက်ထပ်ရှာကြည့်ဦးမယ် ဒီတစ်ခေါက်မှမတွေ့ရင်တော့ ဦးလေးယွီဆီပြောမှဖြစ်မယ်နော် မျန်မျန်လည်းပင်ပန်းနေပြီ နားလိုက်ဦး တွေ့ရင် အကိုphဆက်လိုက်မယ်"

"ဟုတ် အကိုထျန်းရန် တွေ့အောင်ရှာပေးပါနော်"

မျန်မျန်က မျက်နှာငယ်လေးနဲ့ ထျန်းရန်ကိုအားကိုးတစ်ကြီးပြောလာတယ် သူမရှောင်းကျန့်ကိုမုန်းတာမှန်ပေမယ့် ဒီကလေးဆိုးဆိုး၀ါး၀ါးဖြစ်သွားမှာကိုတော့စိုးပါတယ် ဆယ်စုနှစ်တစ်ခုကျော်တစ်အိမ်ထဲတူတူရှိခဲ့ကြတဲ့သူတွေပဲလေ သံယောဇဥ္သေးသေးလေးတော့ရှိပါတယ် 'စပျောက်သွားတည်းကရှာရင်တွေ့နိုင်သေးတယ် သူမရဲ့လွယ်လွယ်စကားလေးတစ်ခွန်းကြောင့် တစ်ခုခုဖြစ်သွားရင်'လို့တွေးမိတော့ သူမရင်ထဲပူလောင်ရပါတယ် တကယ်တော့ မျန်မျန်ကရှောင်းကျန့်ထင်သလို ရှောင်းကျန့်ကို မုန်းယောင်ဆောင်နေခဲ့တာပါ သူမဆီကလုယူခဲ့တဲ့အရာတွေအတွက်မကျေနပ်ရုံပါ လုယူခံရတဲ့ခံစားချက်လေးကိုသိစေချင်ရုံပါ

"အင်းပါ အကိုအတတ်နိုင်ဆုံးတွေ့အောင်ရှာပေးပါ့မယ်"

ထျန်းရန်တစ်မြို့လုံးပတ်ကြည့်ပြီးပေမယ့်ခုထိရှောင်းကျန့်ကိုမတွေ့သေး ရှောင်းကျန့်ကကျောင်းအဆင်းမှာပျောက်သွားတာမို့ ကျောင်းဘက်ကိုတစ်ခေါက်လောက်ထပ်ပတ်ကြည့်ပြီးရင်တော့ပြန်မယ်လို့တွေးရင်း ကျောင်းလေးရှိရာဆီမောင်းထွက်လာခဲ့တယ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now