အပိုင်း(၂၆)

8.2K 593 3
                                    

[Unicode]

ရှောင်းကျန့် သူ့ရှေ့မှာ ပန်းသီးလှီးနေတဲ့သူကို မျက်တောင်မခတ်သေချာငေးကြည့်နေမိတယ် ဒီလိုမျိုး ဒီလူ့ကို ငေးနေရတာဟာ သူ့အတွက် ဖြစ်ရိုးဖြစ်စဥ္တစ်ခုလိုမျိုး နေသားကျနေတယ်လို့ ခံစားရစေတယ် သူ့နာမည်က ၀မ်ရိပေါ်တဲ့ ဘာ့ကြောင့်ရယ်မသိပေမယ့် အဲ့ဒီနာမည်ခေါ်ဖို့အတွက်သူမရဲသလို အဲ့ဒီနာမည်ဟာလည်း သူ့ရင်ဘတ်ထဲအောင့်သက်သက်ဖြစ်စေတယ် ရိပေါ်က သူ့ကို အသားနာအောင်လုပ်မယ့်သူမဟုတ်ကြောင်း ဦးလေးယွီရော မျန်မျန်ရော ထျန်းရန်ရောက နားချတဲ့နောက်တော့ ရှောင်းကျန့်က ၀မ်ရိပေါ်ကို ရှောင်ဖယ်တာမျိုးမလုပ်တော့ဘူး ရှောင်ဖယ်လို့လည်းမရပါဘူး ၀မ်ရိပေါ်ဆိုတဲ့သူက သူ့ဘေးမှာပဲ တစ်ချိန်လုံးကပ်နေတာကိုး
ဦးလေးယွီတို့က ၀မ်ရိပေါ်ကို မကြောက်ဖို့အမြဲပြောပေမယ့် သူ့မှာ​
ကြောက်စိတ်သေးသေးလေးကတော့ရှိနေဆဲပဲ ဒါပေမယ့်လည်း အဲ့လူအနားမှာနေရတာကို သူကျေနပ်နေပါတယ် အဲ့လူကိုငေးကြည့်ရတာကို ရင်ခုန်ပြီးပျော်ရွှင်နေပါတယ် ဒီလိုမျိုးရှောင်းကျန့်ဆိုတဲ့ကောင်လေးက ၀မ်ရိပေါ်ဆိုတဲ့အချစ်နွံလေးကနေ ရုန်းထွက်မသွားနိုင်ရှာသေးဘူး~

"ငါကအဲ့လောက်ကြည့်ကောင်းသလား"

ပန်းသီးလှီးနေတဲ့ ရိပေါ်က ခေါင်းမော့လာတဲ့အခါ သူ့ကိုငေးနေတဲ့ရှောင်းကျန့်နဲ့အကြည့်ချင်းဆုံသွားတဲ့နောက်ပြုံးစစနဲ့ဒီစကားကိုဆိုလာတယ်

ရှောင်းကျန့်မှာတော့ ငေးနေတာလူမိသွားတာမို့ ရှက်ကိုးရှက်ကန်းနဲ့ တစ်ခြားနေရာတစ်ခုကို ဆက်ကနဲအကြည့်လွှဲပစ်လိုက်တယ်

"ပန်း.. ပန်းသီးကိုကြည့်တာ"

နားရွက်ဖျားလေးတွေနီပြီး ပန်းသီးကိုကြည့်တာဖြစ်ကြောင်းရှင်းပြနေတဲ့ကောင်လေးကြောင့် ရိပေါ်မှာအသည်းတယားယား
ရှောင်းကျန့်ရဲ့ နှလုံးသားလေးကတော့ သူ့ရဲ့ပိုင်ရှင်ကိုခုထိမှတ်မိနေသေးပုံပါပဲ

"ဟားဟား ဟုတ်ပါပြီ ပန်းသီးစားတော့မလား"

"အွင်း"

ရှောင်းကျန့် နှုတ်ခမ်းနားထိ ပန်းသီးစိပ်လေးကမ်းပေးလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်က မျက်မှောင်ကျုံ့ရင်း ရိပေါ်ကိုမျက်လုံးလှန်ကြည့်တယ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now