အပိုင်း(၁၆)

6.1K 605 32
                                    

[Unicode]

"ငါ့ကိုမေးစရာမရှိဘူးလား"

"ဘယ်လိုလုပ် ကျဲကျဲနဲ့"

"ချစ်သူတွေဖြစ်သွားတာလဲလို့ မေးချင်တာလား"

"အင်း"

"အစတည်းက ငါ့ရည်ရွယ်ချက်ပဲလေ မင်းအစ်မနဲ့ရင်းနှီးချင်လို့ မင်းကိုသူငယ်ချင်းအဖြစ်ကပ်ခဲ့တာ ငါ့အစီအစဥ္ တွေအားလုံးက အံ၀င်ခွင်ကျပဲ မြင်တယ်မလား"

"၀မ်ရိပေါ်က ဘာကိုဆိုလိုချင်တာလဲ"

"မင်းကခုထိနားမလည်သေးဘူးပဲ တကယ်ကိုတုံးအလိုက်တာ မင်းလိုငတုံးကို ဘယ်သူက သူငယ်ချင်းဖြစ်ချင်မှာမို့လဲ ငါက သူငယ်ချင်းဖြစ်ချင်ယောင်ဆောင်ပြီး မင်းအစ်မကိုရဖို့ကြိုးစားခဲ့တာ ငါကမင်းကိုတကယ်မခင်ချင်ခဲ့ဘူး နားလည်လား"

"သြော် အဲ့လိုလား "

၀မ်ရိပေါ်ရဲ့စကားတွေက ရှောင်းကျန့်ရဲ့နှလုံးသားကို သွေးစိမ်းရှင်ရှင်ထွက်အောင် သံbrushနဲ့ ပွတ်တိုက်နေသလိုပဲ ရင်ဘတ်ထဲက နာလွန်းလို့ မျက်ရည်တောင် မကျနိုင်တော့ဘူး

" မင်းကိုမခင်ချင်ခဲ့ပေမယ့် ပေါင်းကြည့်တော့ ခင်စရာတော့ကောင်းပါတယ် မင်းငါနဲ့သူငယ်ချင်းဆက်လုပ်ချင်သေးလား ရှောင်းကျန့်"

"ဟင့်အင်း မလုပ်ချင်တော့ဘူး"

"ဘာလို့လဲ မင်းအစ်မကို ယူသွားလို့ စိတ်ဆိုးတာလား"

"ဟင့်အင်း ငါက ၀မ်ရိပေါ်ကို သူငယ်ချင်းဆိုတာထက်ပိုသဘောကျနေမိလို့ ငါက ၀မ်ရိပေါ်ကိုချစ်တာမို့"

ရှောင်းကျန့်က မျက်ရည်တွေပြည့်နေတဲ့မျက်လုံးကြည်ကြည်လေးတွေနဲ့ အသက်မပါတဲ့ အပြုံးနုလေးပြုံးပြီး ပြောတယ် ဒီစကားပြောလိုက်ရတော့ ရှောင်းကျန့်ရင်ထဲ နည်းနည်းတော့ နေလို့ကောင်းသွားသလိုပဲ ဘာပဲဖြစ်ဖြစ် သူ ၀မ်ရိပေါ်ကို ချစ်တယ်ဆိုတာ ၀မ်ရိပေါ်သိသွားစေချင်တယ် ဒီအချစ်တွေအတွက် သူနောင်တမရမှာသေချာတာမို့

"မင်းဒီစကားတွေကို မပြောခဲ့ဘူးလို့ပဲငါမှတ်လိုက်မယ် မင်းနဲ့ငါဇာတ်လမ်းဒီတင်ပြီးပြီရှောင်းကျန့် ငါတို့ ထပ်မပတ်သတ်ကြရအောင်"

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now