အပိုင်း(၁၁)

5.7K 573 3
                                    

[Unicode]

"အင်း ငါနဲ့အဲ့လိုနမ်းကြည့်မလား"

"ဟမ်"

ရှောင်းကျန့်ကကြောင်နနမျက်နှာလေးနဲ့ ပါးစပ်လေးဟလို့ ရိပေါ်ကိုကြည့်တယ်
ရိပေါ်ရဲ့စကားကိုမကြားလိုက်လို့ ပြန်မေးတာလည်းဖြစ်နိုင်သလို ကြားလိုက်တာမို့အံ့သြသွားတာမျိုးလည်းဖြစ်နိုင်တယ်

"ဟင် ဘာ ဘာမှမဟုတ်ဘူး မကြားလိုက်ဘူးမလား ဘာမှ"

"အ အင်း မကြား မကြားလိုက်ဘူး ၀မ်ရိပေါ်ဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ဘူး ရုပ်ရှင်ကြည့်တော့"

"အင်း"

သူပြောလိုက်တော့ ရှောင်းကျန့်က ရုပ်ရှင်ကိုအာရုံပြန်စိုက်တယ်
ခုနကရှောင်းကျန့်နဲ့စကားပြောနေရင်း ရှောင်းကျန့်နှုတ်ခမ်းအောက်ကအစက်အပြောက်လေးကိုငေးမိရာကတစ်ဆင့်နှုတ်ခမ်းပါးပါးလေးဆီအကြည့်ရောက်မိတဲ့အခါ သူကိုယ်တိုင်တောင်သတိမထားမိလိုက်ပဲ "ငါနဲ့နမ်းကြည့်မလား"ဆိုပြီးလွှတ်ကနဲပြောထွက်သွားတာပဲ
'၀မ်ရိပေါ်ရေ မင်းဘာတွေဖြစ်နေတာလဲကွာ ရှောင်းကျန့်ကယောကျာ်းလေးကွ မင်းဒီလိုသွားပြောရအောင်အရူးလား ဟိုကမကြားသွာလို့သာကံကောင်း'

ရုပ်ရှင်ပြီးတော့သူတို့လေးယောက်ကျောင်းကိုပြန်လာခဲ့တယ် သူတို့ရောက်ချိန်နဲ့ကျောင်းဆင်းချိန်က ယွီပင်း ပြောသလိုတကယ်ကွက်တိ

"ငါသွားပြီနော်"

ရှောင်းကျန့်လည်း ဟိုသုံးကောင်ကိုနှုတ်ဆက်လို့ ကျောင်းထဲကထွက်လာတဲ့ကျောင်းသားတွေနဲ့ရောပြီး ဦးလေးမုစောင့်နေတဲ့နေရာဆီလျှောက်လာခဲ့တယ်

ရှောင်းကျန့်သွားပြီးခဏနေတော့ ယွီပင်းလည်း အကြိုလာလို့ပြန်သွားတယ်

၀မ်ရိပေါ်နဲ့ဟောက်ရွှမ်းကတော့အကြိုမလာသေးတာမို့ ကျောင်းရှေ့ကရှောင်းကျန့်ထိုင်စောင့်နေကျခုံပေါ်မှာ
ဟောက်ရွှမ်းကို မနက်တည်းက ၀မ်ရိပေါ်က၀င်ခေါ်လာတာမို့ ညနေလည်းပြန်၀င်ပို့ရမှာ
အဲ့ဒါကြောင့်နှစ်ယောက်အတူအကြိုစောင့်နေကြရတာ သူတို့နှစ်ယောက်အိမ်ကလည်းသိပ်မ​ေ၀းကြတာမို့

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now