အပိုင်း(၁၀)

6.1K 618 13
                                    

[Unicode]

"ကားကလည်း ဘယ်လိုမောင်းနေမှန်းမသိဘူးကွာ"

၀မ်ရိပေါ်က လက်တစ်ဖက်နဲ့သူ့ဂုတ်သူပွတ်ရင်းပြောတယ် တကယ်တော့သူကကားအကွေ့ကြောင့်ရှောင်းကျန့်နဖူးကိုမတော်တဆနမ်းမိသွားတာမို့ ရိှုးတိုးရှမ်းတန်းဖြစ်နေတာ

"ဟုတ် ဟုတ်ပ "

အထစ်ထစ် အအ အ နဲ့ပြန်ဖြေတာကရှောင်းကျန့် ၀မ်ရိပေါ်သူ့နဖူးကိုနမ်းမိသွားတုန်းက မျက်လုံးအ၀ိုင်းသားနဲ့မော့ကြည့်ပြီး ခေါင်းကြီးပြန်ငုံ့သွားတာ ထောင်ကိုမလာတော့ဘူး သူလည်းအနေရခက်မှာပေါ့လေ ဒီအခြေနေကြီးကနည်းနည်းတော့ တစ်မျိုးပဲ ရင်ထဲကလိကလိနဲ့

သူတို့ကစားကွင်းရောက်တော့ ရှောင်းကျန့်မျက်နှာကချက်ချင်းတစ်မျိုးပြောင်းသွားပြန်ရော
ကစားကွင်းလာရတာမို့ သိပ်ပျော်နေတဲ့ကလေးလို
၀မ်ရိပေါ်လက်ကိုဆွဲလို့ ဟိုဟာဆော့ချင်တယ် ဒီဟာဆော့ချင်တယ်နဲ့ လက်ညိုးတစ်ထိုးထိုးနဲ့ပူဆာလို့ ၀မ်ရိပေါ်ကလည်း ရှောင်းကျန့်ပူဆာချင်သမျှကို တပြုံးပြုံးနဲ့သူပါလိုက်ဆော့ပေးတာ တခါတခါကျရှောင်းကျန့်ကသူတို့ကိုမစောင့်ပဲ သူကစားချင်တာတွေဆီပြေးလို့ ၀မ်ရိပေါ်ပါနောက်ကပြေးလိုက်ရသေး မြင်ရတာ ကစားကွင်းခုမှရောက်ဖူးပြီး အကုန်ဆော့ချင်နေတဲ့ကလေးကို ဖအေဖြစ်သူကလိုက်ထိန်းပေးနေသလိုပဲ (သားအဖဇာတ်သွင်းပါမယ်🤣)

ဟောက်ရွှမ်းနဲ့ယွီပင်းမှာလည်း သူတို့ဆော့သမျှလိုက်ဆော့ပေးရတာ တော်တော် ပင်ပန်းနေပြီ ဒါတောင်သကောင့်သားရှောင်းကျန့်က rollercosterစီးချင်ပါတယ်လုပ်နေသေးတာ ဒါတော့လိုက်မစီးပေးနိုင်ပါ 'မင်းရဲ့သားလေးစီးချင်တာကို မင်းပဲလိုက်စီးပေးလိုက်ပါ၀မ်ရိပေါ်ရေ ဒါမျိုးတော့ငါတို့က တာ့တာ့ပါပဲ'

"၀မ်ရိပေါ် စီးရအောင်လို့ နော်"

"အန္တရာယ်များတယ် ရှောင်းကျန့်ရ ပြီးတော့တအားကြောက်ဖို့ကောင်းတယ် တခြားဟာဆော့ကွာနော်"

"၀မ်ရိပေါ်ကလည်း ငါတစ်ခါမှမစီးဖူးလို့ပါ စီးရအောင် နော်လို့"

၀မ်ရိပေါ်ကဘေးကနှစ်ကောင်ကို ကူပြောပေးဖို့ လှမ်းကြည့်တော့ ဟိုနှစ်ကောင်ရဲ့ ငါတို့လည်းဘာမှမတတ်နိုင်ဘူးဆိုတဲ့အကြည့်တွေနဲ့ဆုံတယ် အေးလေ ၀မ်ရိပေါ်တောင် ဒီငဂျစ်ကိုတားမရတာ သူတို့ကဘယ်လိုတားနိုင်မလဲ မတတ်နိုင်ဘူး စီးပေးရုံပဲကွာ

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now